တိုက်မြွေ


ရေးသားသာ - D Moe Moe

ခုတလော ဒေါ်ငွေခင် ဟိုဘက်အိမ်က မလေးမူဆိုသော မိန်းမကိုကြည့်မရ ထောင်လွှားနေတယ် ထင်မိလေသည်။ ဒေါ်ငွေခင်နှင့် မလေးမူသည် အိမ်ချင်းကပ်လျှက်သာမဟုတ် ဈေးထဲတွင်လဲ အထည်ဆိုင်းချင်း ကပ်လျှက်ဖြစ်သည်။ မလေးမူကနုတ်ချိုကာ စိတ်သဘောထားဖြူစင်သူမို့ သူ့ဆိုင်တွင်ဖောက်သယ်များကာ ရောင်းကောင်းသလောက် ဒေါ်ငွေခင်ဆိုင်မှာတော့ ဖောက်သယ်မရှိသလောက် ရှားလေသည်။

စိတ်ထားကလဲမကောင်း မနာလိုစိတ်ကလဲများသည့် ဒေါ်ငွေခင် စီးပွားက တရိပ်ရိပ်ကျလာသလောက် မလေးမူတို့စီးပွားရေးက တရိပ်ရိပ်တက်လာသည်။ ဒေါ်ငွေခင်တွင် သားတစ်ယောက် သမီးတစ်ယောက်ရှိကာ မလေးမူမှာတော့ သမီးကလေးနှစ်ယောက် ရှိလေသည်။

ဒေါ်ငွေခင် သမီးနှင့်သားသည် ဆိုးသလောက် မလေးမူရဲ့ သမီးကလေးနှစ်ယောက်က လိမ္မာရေးခြားရှိလေသည်။ ဒီတော့ ဒေါ်ငွေခင် မလေးမူတို့မိသားစုကို မနာလိုမကောင်းကြံဘို့ စိတ်ကူးလေသည်။

ဒေါ်ငွေခင်ယောင်္ကျားသည် လူပျင်းဖြစ်ကာ ဘာမှမလုပ် မလေးမူယောင်္ကျားက ကန်ထရိုက်လုပ်ငန်းလုပ်ကာ ဘုရားတရားမြဲလေသည်။

တစ်နေ့ ဒေါ်ငွေခင် လင်မယားနှင့် မလေးမူတို့ မိသားစုတို့ ခြံစည်းရိုးကာသော ကိစ္စနှင့်စကားများလေသည်။ လောဘကြီးသော ဒေါ်ငွေခင်လင်မယားက မလေးမူတို့မြေကြီးကို ခိုး၍ပိုယူသောကြောင့်ဖြစ်သည်။ ဒေါ်ငွေခင်ကလဲ ဆဲဆိုသလို ဒေါ်ငွေခင်ယောင်္ကျားကလဲ လက်သီးလက်မောင်းတန်းကာ ထိုးမယ်ကြိတ်မယ်ဖြစ်နေ၍ ရှက်တတ်သော မလေးမူမိသားစုက အလျှော့ပေးလိုက်လေသည်။ ဒီတော့ ဒေါ်ငွေခင် မလေးမူတို့ မိသားစု ပျက်စီးရာပျက်စီးကြောင်း မကောင်းကြံဘို့ အကြံပေါ်လာသည်။

အကောင်အထည်ဖေါ်ဖို့ အစွမ်းထက်သော အောက်လမ်းဆရာ တစ်ယောက်ကို အသဲအသန်ရှာလေသည်။ နောက်ဆုံး မိတ်ဆွေ တစ်ယောက်ပြောသော အောက်လမ်းဆရာအိမ်ကို ရောက်သွားလေသည်။ အောက်လမ်းဆရာက လူလတ်ပိုင်းအရွယ် သူ့အိမ်တွင် အစီအရင်များစွာပြုလုပ်ထားသည်ကို တွေ့ရသည်။

နေတာကလဲမြို့ပြင်ဆိုတော့ခြံကျယ်သည်။ ခြံထဲတွင် အပင်ကြီးများ အုပ်စိုင်းကာ စိုက်ထားပြီး အပင်များတွင်လဲ အစီအရင်ကြိုးများ ချည်ထားသည်ကို တွေ့ရသည်။ ခြံထဲရောက်သည်ဆိုရင်ပဲ အမျိုးအမည်မသိသော ခံစားမှု့မျိုး ဒေါ်ငွေခင်ရကာ ချမ်းစိမ့်စိမ့်ဖြစ်သွားလေသည်။

ဒေါ်ငွေခင်က အောက်လမ်းဆရာအား မလေးမူတို့မိသားစုကို စီးပွားပျက်အောင် အိမ်သားများ ဒုက္ခရောက်အောင် မိသားစုဝင်များသေအောင် လုပ်ခိုင်းကာ ငွေဘယ်လောက်ကုန်ကုန် ပေးမည်ဟုဆိုလေသည်။

ဒီတော့အောက်လမ်းဆရာက သူ့အစွမ်းကိုပြသည့်အနေဖြင့် ကြိုး တစ်ချောင်းကိုယူ၍မန်းမှုတ်ကာ ဘာရေမှန်းမသိတဲ့ ခွက်တခုထဲက ရေနဲ့ကြိုးစကို တောက်လိုက်တဲ့အခါမှာတော့ အလွန်အဆိပ်ပျင်းသော မြွေတစ်ကောင်ဖြစ်သွားလေသည်။

 မြွေသည်ချက်ချင်း ပါးပျဉ်းထောင်လာတော့ ဒေါ်ငွေခင်အလွန့်လန်သွားလေသည် ဒေါ်ငွေခင် အောက်လမ်းဆရာ အစွမ်းကိုအတော်သဘောကျသွားသည်။ ဒါနဲ့ငွေတချို့တဝက်ကိုပေးကာ အောက်လမ်းဆရာအားပြောလိုက်သည် ။

''ဒီမြွေနဲ့တိုက်ရင် လူသေနိုင်သလား ကျွန်မကတော့ သူတို့အိမ်သား တယောက်ယောက်သေမှ ဖြစ်မှာ ဒါမှအလုပ်မလုပ်နိုင် စီးပွားပျက်ပြီး သောကရောက်မှာ။ သေချာအောင်တော့ လုပ်ပေးပါဆရာ လူသေရင်နောက်ထပ် ငွေလာပေးမယ်'''

'''စိတ်သာချ ဒီအလုပ် လုပ်စားလာတာ အန်တိုနေပြီဲီ မျိုးရိုးစဉ်ဆက် အောက်လမ်းဆရာ လုပ်စားလာတာ အိမ်လိပ်စာအတိအကျပြောခဲ့ ကျုပ်ပည့်ကို တိုက်မြွေ သွားလွှတ်ခိုင်းလိုက်မယ် ကံနိမ့်သူ တစ်ယောက်ယောက်တော့ သေကိုသေစေရမယ်'''

ဒေါ်ငွေခင်ကျေနပ်သွားသည် လိုအပ်သည်များ မှာကြားကာပြန်သွားလေသည်။ သူ့စိတ်ထဲတွင် မလေးမူတိုမိသားစု ဒုက္ခရောက်တော့မှာကိုတွေးပြီး ဝမ်းသာနေမိသည်။ ငွေခင်အကြောင်းသိစေရမည်လို့လဲ စိတ်ထဲကြိမ်းဝါးနေလေသည်။ ကြောက်စရာကောင်းသော စိတ်ဓာတ်ပိုင်ရှင် တ်းယာက်ဖြစ်သည့် ဒေါ်ငွေခင် အောက်လမ်းဆရာအိမ်ကပြန်လာပြီး ကတည်းက ဟိုဘက်အိမ်ကို မသိမသာ အကဲခတ်နေလေသည်။

တပတ်လောက်ကြာတဲ့အခါမှာတော့ ဒေါ်ငွေခင်အားကိုးသော သမီးသည် ခြံထဲဆင်းရင်း မြွေကိုက်၍ သေလေသည်။ ဒီမှာတင် ဒေါ်ငွေခင့်ဒေါသသည် ငယ်ထိပ်သို့ရောက်ကာ အောက်လမ်းဆရာ အိမ်ရောက်သွားလေသည်။

 အောက်လမ်းဆရာကလဲ သူးတပည့်ကို ခေါ်မေးရာ အိမ်နံပတ် 35 နှင့် 36 ကို မှားခဲ့ခြင်းဖြစ်သည်။ ဒေါ်ငွေခင်အိမ်နံပါတ် 35 သည် ကံဆိုးချင်တော့ 5 နေရာတွင် အစွန်းတစ်ခုပေ၍ 6 ဖြစ်နေတာကြောင့် အောက်လမ်းဆရာ တပည့်သည် အစီအရင်အား ဒေါ်ငွေခင်ခြံထဲ ပစ်ခဲ့လေသည်။

 ဒေါ်ငွေခင်လဲ အောက်လမ်းဆရာအား သူ့သမီးအသက်ပြန်ရှင်အောင် လုပ်ခိုင်းပေမဲ့ အချိန်လွန်သွား၍ မရတော့ပေ။ ဒေါ်ငွေခင်ဒေါသဖြစ်ကာ အောက်လမ်းဆရာအိမ်က ပစ္စည်းများကိုင်ပေါက်ဝိုင်းဒိုင်း ကြဲကာပြန်လေသည်။ အောက်လမ်းဆရာက ဒေါ်ငွေခင်ကို မျက်ထောင့်နီကြီးဖြင့်ကြည့်ကာ ကျန်ခဲ့လေသည်။

အကုသိုလ်ဆိုတာ အဖော်နဲ့အပေါင်းနဲ့ လာစမြဲမို့ သမီးသေပြီး တစ်လလောက် အကြာမှာတော့ ဒေါ်ငွေခင် အလွန်ချစ်သောသားသည် ညဘက်အရက်မူးကာ ပြန်လာရင်း ကားတိုက်၍ သေပြန်လေသည်။

သူများသားသမီးများအား သေစေချင်ခဲ့သော အတ္တအလွန်ကြီးသော ဒေါ်ငွေခင်တို့ လင်မယား အရူးမီးဝိုင်းဖြစ်ကာ အလွန်ဆိုးဝါးသော သောကများကို ခံစားရလေသည်။ မိမိပြုသောမကောင်းမှု့သည် မိမိကိုပြန်အကျိုးပေးသည်ကို ဒေါ်ငွေခင်လက်မခံနိုင် ပြင်းထန်သော မနာလိုစိတ်တွေက ဒေါ်ငွေခင်စိတ်ကို ဖောက်ပြန်စေသည်။

အိမ်ထဲတွင်လဲမြွေတကောင်ကို ဟိုနေရာမှာတွေ့လိုက် ဒီနေရာမှာတွေ့လိုက် ဒေါ်ငွေခင်တို့ လင်မယား ကျီးလန့်စာ စားနေရသလို နေမထိထိုင်မသာ ဖြစ်နေကာ မြွေကိုသတ်ဖို့ကြိုးစားရာတွင်လဲ မျက်စိရှေ့တွင် ပျောက်သွားပြန်သည်။ ကြာတော့ဒေါ်ငွေခင် လင်မယားမြွေကိုက်သေမှာ စိုးလာသည်။ သွေးပျက်လာသည် မကျွတ်မလွတ်သော သမီးနှင့်သားကိုလဲ မကြာမကြာတွေ့နေရာ စိတ်မခိုင်သော ဒေါ်ငွေခင်တစ်ယောက် နောက်ဆုံးမှာတော့ စိတ်ကျန်းမာရေး ဆေးရုံသို့ ရောက်သွားလေသည်။

မယုံမရှိနဲ့ တကယ့်အဖြစ်အပျက်ပါ ။
Powered by Blogger.