မြွေပျံရဲ့ကျိန်စာ



ရေးသားသာ - D Moe Moe

သင်းသင်းတစ်ယောက် အမျိုးသားတာဝန်ကျရာ တောင်ပေါ်ဒေသတစ်ခုသို့ ရောက်နေသည်။ သင်းသင်းအမျိုးသားက အရေးပါအရာရောက်သော အရာရှိတယောက်ဖြစ်တာကို သင်းသင်းဂုဏ်ယူမဆုံး ။ သင်းသင်းရဲ့သိပ်မပြည့်စုံသော ဘဝတွင် ဗေဒင်ဆရာဟောသော ကတော်ဆယ်ပါးတပါး ဖြစ်မည်ဆိုတာကိုစိတ်ကူးယဉ်ခဲ့ရတာတွေ ခုတော့ တကယ်ဖြစ်လာပြီမို့ အရာရာဟာ သင်းသင်းအတွက် လိုတရနေသည်။

ရေမြင့်တော့ကြာတင့်လာသလို သင်းသင်းကဘဝမေ့ကာ မောက်မာလာသည် ဘဝင်မြင့်လာသည်။ အခုသင်းသင်းရောက်နေသော အရာရှိအိမ်ယာသည် သာသာယာယာရှိကာ သစ်ပင်ကြီးများ အုပ်စိုင်းလျက်ရှိလေသည်။ အိမ်ပတ်လည်တွင်တောင်တန်းများ ဝိုင်းရံထားကာ အေးချမ်းသောမြို့ဖြစ်သည်။

တစ်နေ့တွင် သင်းသင်းကခြံထဲမှာ ထိုင်နေရင်း ကလေးများဆော့နေတာကို ထိုင်ကြည့်နေလေသည်။ သင်းသင်းတို့မှာ သားနှစ်ယောက် သမီးတယောက်ရှိကာ ၃ နှစ် ၅နှစ် ၇နှစ်အရွယ်များမို့ အရွယ်မရောက်သေးပေ။

ဒီအချိန်တွင်မြွေတကောင်သည် ခြံစည်းရိုးကိုထောက်၍ အိမ်ဘေးက သစ်ပင်ပေါ်သို့ ရွှီးကနဲမည်ကာ ပျံတက်သွားလေသည်။ သင်းသင်းလဲအံသြလွန်းလို့ ကိုယ့်မျက်စိကိုပင် မယုံနိုင်အောင်ဖြစ်နေတုန်း နောက်မြွေတကောင်သည်လဲ ခြံစည်းရိုးပေါ်ခုန်တက်လာကာ ခြံစည်းရိုးကိုထောက်ကာ ရှေ့က မြွေအတိုင်း ရွှီးကနဲမြည်ကာ အိမ်ဘေးသစ်ပင်ပေါ်ပျံတက်သွားပြန်သည်။

ဆန်းကျယ်ပေစွ သင်းသင်းဘဝတွင် ဒီလိုမြွေပျံမျိုး တခါမှမမြင်ဘူးပေ ပုံပြင်တွေသူများပြောတာတွေသာ ကြားဘူးတာဆိုတော့ ကလေးများအမြန်ခေါ်ကာ အော်လိုက်သည်။

'''မြွေပျံ မြွေပျံ'' သင်းသင်းအော်သံကြောင့် အိမ်တွင်အလည်ရောက်နေသော သင်းသင်းရဲ့မောင် စစ်ဗိုလ်ကလေးသည် ပြေးထွက်လာသည် ဒါနဲ့ကလေးများကို အိမ်ဖော်အား အိမ်ထဲသွင်းစေကာ မောင်နှစ်မနှစ်ယောက်မြွေပျံနှစ်ကောင် ပျံတက်သွားသော သစ်ပင်ကိုသွားကြည့်ရာ မြွေနှစ်ကောင်သည်သစ်ပင်ပေါ်တွင် တကောင်နှင့်တကောင်လိမ်၍ နေလေသည်။

သင်းသင်းကသူ့မောင်အာ့း '''မြွေဆိုရင် ဘာမြွေဖြစ်ဖြစ် ကလေးတွေအတွက် အန္တရယ်ရှိတယ် သတ်တာ သတ်ပြစ်လိုက်''

''အစ်မမြွေပျံက မြင်ရခဲတယ် ဖမ်းပြီးရောင်းစားရင် ပိုက်စံတော်တော်ရမှာ'''

'' အိုရှုတ်ရှုတ်ရှက်ရှက်ခြံထဲဝင်လာတာ သတ်ပြစ်မယ်'' '

''အစ်မမြွေတွေက အငြိုးကြီးရင်ရေခြားမြေခြားကတောင် လိုက်လာပြီး ဘယ်လောက်ပုန်းနေနေ လိုက်သတ်တယ်လို့ ကျွန်တော်စာတအုပ်မှာ ဖတ်ဘူးတယ်'''

''အိုမယုံပါဘူး အ'ိမ်ထဲမှာ လေးခွတချောင်းရှိတယ်။ အဲဒါနဲ့ပစ်ချမယ်''

သင်းသင်းမောင်သည် အစ်မအားပြောမရတော့ လေးခွယူ၍မြွေနှစ်ကောင် လိမ်နေတာကို အသေအချာချိန်၍ ပစ်လိုက်ရာ မြွေတစ်ကောင် ခေါင်းကိုမှန်၍ အောက်သို့ပြုတ်ကြလာလေသည်။ ဒီအချိန်မှာ သင်းသင်းယောင်္ကျား အလုပ်ကပြန်လာတာနဲ့တိုးတော့ အောက်ပြုတ်ကျနေသော မြွေကိုမြင်ရာ သင်းသင်းကမြွေပျံများဖြစ်ကြောင်း ရှင်းပြကာ ကလေးများအား အန္တရယ်ပေးမည်စိုးလို့ သတ်ခိုင်းလိုက်လေသည် ။

သင်းသင်းယောင်္ကျားနှင့် သူ့မောင်လဲ အောက်ပြုတ်ကျကာ မသေမရှင်ဖြစ်နေသောမြွေပျံတကောင်ကို ရိုက်သတ်လိုက်ကြလေသည်။ နောက်တကောင်ကတော့ သစ်ပင်တပင်မှတပင်ပျံ၍ ကူးကာခြံပြင်ရောက်၍ လွတ်သွားလေသည်။

သူတို့လဲမြွေပျံကို အခုမှမြင်ဘူးတာကြောင့် အထူးအဆန်းဖြစ်ကာမြွေသေကို ခြံပြင်သွားပစ်လိုက်လေသည်။ မြွေတကောင်သေသွားတာ ဘာမှအရေးမပါလို့ထင်ထားပေမဲ့ အရေးပါတဲ့အကြောင်းကတော့ သင်းသင်းဆီ ရောက်လာလေသည်။

ညဘက်သင်းသင်သည် ထူးဆန်းသော အိမ်မက်ကိုမက်လေသည် အိမ်မက်ထဲတွင် သင်းသင်းတို့ သတ်လိုက်သောမြွေပျံတကောင်ဘေးတွင် လွတ်သွားသောမြွေပျံက ပါးပဉ်းထောင်နေရာမှ အခိုးအငွေ့များထွက်လာကာ လူတယောက်အသွင်ပြောင်းသွားလေသည်။ ထိုလူသည်အလွန်ဝမ်းနည်းကြေကွဲနေတဲ့ ပုံစံမျိုးဖြစ်ကာ သေသွားသော မြွေအားကြည့်၍ ယူကြုံးမရဖြစ်ကာ မျက်ရည်များ တွင်တွင်ကျနေရာမှ သင်းသင်းဘက်သို့လှည့်လိုက်ရာ သင်းသင်းလန့်၍ သွားလေသည်။

သူ့မျက်လုံးများသည်နီရဲနေကာ မီးဝင်းဝင်တောက်နေသော ပုံစံဖြင့် သင်းသင်းအားလက်ညိုးထိုး၍ ပြောလိုက်သည်

'''နင်ဟာအတော်အကြင်နာတရား မရှိတဲ့မိန်းမ အတ္တကြီးပြီး ကိုယ်ချင်းမစာ မသနားတတ်တဲ့ မိန်းမယုတ် နင့်ကြောင့်ငါအလွန်ချစ်ရတဲ့ ငါ့မိန်းမသေသွားပြီ အခုငါဝမ်းနဲကြေကွဲစွာ ခံစားနေရသလို နင်လဲခံစားစေရမယ် ငါတို့က နင့်တို့ကိုဘာအန္တရယ်ပေးလို့ သတ်ရတာလဲ''''

သင်းသင်းလဲ ဘာမှပြန်မပြောနိုင်အောင် ကြောက်နေတာမို့သူပြောတာနားထောင်နေမိသည် '''ငါတို့က ခရီးသွားရင်းတထောက်ဝင်နားတာ အခုငါ့မိန်းမဟာ နင့်ကြောင့်မရှု့မလှသေရပြီ ဒီတခါနင့်အလှည့်ပဲ'''

သင်းသင်းအား နာကြည်းစွာပြောပြီးမြွေအဖြစ်ပြောင်းကာ ပါးပျဉ်းထောင်လိုက်တဲ့အခါ သင်းသင်းလဲ ငယ်သံပါအောင်အော်ရင်း အိမ်မက်က လန့်နိုးသွားလေသည်။ သင်းသင်းက အိမ်မက်ကို သိပ်အလေးမထား စိတ်စွဲလို့မက်တာဟု သဘောထားလိုက်သည်။

နောက်နှစ်လလောက်နေတော့မြွေပျံသတ်သော သင်းသင်းမောင် စစ်ဗိုလ်သည် ရှေ့တန်းထွက်ရင်း တိုက်ပွဲမှာ ကျသွားလေသည် သင်းသင်နဲနဲတော့ စိတ်ထင့်သွားမိပေမဲ့ တိုက်ဆိုင်တာဖြစ်မှာပါလို့ ဖြေတွးတွေးလိုက်သည်။ နောက်ရက်တွင် ခြံရှေ့ကသစ်ပင်ပေါ်မှမြွေပျံကိုတွေ့ရာ သင်းသင်းစိတ်တွေ လေးလံလာမိသည်။ ဒီမြွေကိုတွေ့နေရတာ သင်းသင်းဘဝင်မကြ။ ဒါ့ကြောင့်ဒီမြွေမရှိမှ အေးမယ်လို့စဉ်းစားကာ အနီးအနားလူများအားမြွေပျံဖြစ်ကြောင်းပြော၍ မမ်းခိုင်းရာမြွေက မပျံတော့ဘယ်သူမှ မယုံကြမြွေလဲ ပျောက်သွားလေသည်။

နောက် ၃ လလောက်ကြာတော့ သင်းသင်းယောင်္ကျား ခရီးထွက်ရာ ကားမှောက်၍ ဆုံးလေသည်။ သင်းသင်းအတွက်တော့ မြင့်မိုလ်တောင်ကြီးပြိုလဲသွားသလို ခံစားရလေသည်။ ဒါပေမဲ့ သင်းသင်းအတွက် တစ်သက်စားမကုန်အောင် ထားခဲ့သည်။

သင်းသင်းဒီအရပ်မှာ ဆက်မနေချင်တော့မြွေပျံထပ်ရောက်လာမှာ အသေကြောက်သွာသည်။ ဒါ့ကြောင့်တခြားမြို့သို့ အိမ်ပြောင်းလေသည်။ ဒီတခါပြောင်းသော အိမ်ပတ်ဝန်းကျင်တွင် ဘာသစ်ပင်မှမရှိအောင် ရှင်းထားစေသည်။ ယုတ်စွအဆုံး မျက်တပင်တောင်မရှိရအောင် ခြံထဲကျောက်ပြားများ ခင်းထားလေသည်။ အိမ်တွင်ခေါ်ထားသူများအား ဘာမြွေတွေ့တွေ့သတ်ရန် အမိန့်ပေးထားသည်။ ကိုယ်ဘက်က လက်ဦးမှု့ ယူထားရမည်လို့ တွေးထားသည်။

ဒီမြို့ကတော့လူစည်ကားရာ အရပ်ဖြစ်တာကြောင့် ဘာမြွေမှလာနိုင်စရာ မရှိဟုထင်သည်။ ဒါပေမဲ့သင်းသင်း အထင်မှားကြောင်း နောက်တနေ့မနက်တွင် သိရလေသည်။ သင်းသင်းမနက်မိုးလင်းတော့ သူအိပ်ခန်းရှိရာ သုံးထပ်တိုက်က ပြတင်းပေါက်အား ဖွင့်လိုက်ရာ မြွေပျံတကောင်သည်လေထဲတွန့်လိမ်တွန်လိမ်ဖြင့် ပြတင်းပေါက်ရှေ့မှ ဖြတ်သွားလေသည်။

သင်းသင်းတကိုယ်လုံး တောင့်တင်းအေးစက်သွားကာ အသက်ရှုရပ်သွားသလား ထင်ရလေသည်။ စိတ်ခြောက်ခြားကာ တအိမ်လုံးရှိရှိသမျှ အပေါက်များအား လိုက်ပိတ်ထားလိုက်သည်။ နောက်တပတ်လောက်နေတော့ နဲနဲစိတ်သက်သာသွားကာ နယ်မှအဒေါ်တယောက် နာရေးကိုသွားလေသည်။

နာရေးကအပြန်လမ်းတွင် ကားလမ်းဘေးသစ်ပင်ပေါ်မှ မြွေတကောင်သည် ပျံလာကာ လမ်းတဖက်သစ်ပင်ပေါ်သို့ ရွှီးကနဲနေအောင် ကားလမ်းကိုဖြတ်ပျံရာ ကားသမားလဲ တခါမှမမြင်ဘူး၍ အံသြကာကြည့်ရင်း '''ဟာမြွေပျံမြွေပျံ '' ကားသမားစိတ်က မြွေပျံဆီရောက်သွားကာ သတိလက်လွတ် ဖြစ်သွားလေသည်။ ကားသည် တဘက်ယဉ်ကြောမှ ကားနှင့်တိုက်မိကာ သင်းသင်းသည် နေရာမှာပင်ပွဲခြင်းပြီး သေသွားလေသည်။
Powered by Blogger.