သိုက်ဆက်



ရေးသားသူ - D Moe Moe

မစောတယောက် ဈေးရောင်းပြီး အပြန်နားနေကြညောင်ပင်ကြီးအောက် ဝင်လိုက်တယ်ဆိုရင်ပဲ သစ်ရိပ်ကအေးမြသွားလေသည်။ နေကပူ လူကပန်းလာတော့ ညောင်ပင်အောက်က ရေအိုးစင်မှ ရေတခွက်ခပ်သောက်လိုက်သည်။

ရင်းထဲအေးသွားသော ရေအေးကြောင့် အမောပြေသွားကာ ရေအိုးစင်နှင့်တကွရေလူတန်းသူများကို စူးနစ်စွာမေတ္တာပို့လိုက်သည်။ ရေသောက်ပြီးညောင်ပင်ရိပ်တွင် အပန်းဖြေရင်းမိမိဘာဝရှေ့ရေးကို တွေးနေမိသည်။

မစောကမြန်မာရိုးရာ မုန့်ကလေးများဖြစ်သော မုန့်လက်ကောက်မုန့်ကြာစိ မုန့်ချိုသွင်းအစရှိသဖြင့် အဆင်ပြေရာမုန့်ကလေးများကိုမုဆိုးမမိခင်ကြီးက လုပ်ပေး၍ မစောကရွာစဉ်လှည့်ရောင်းရလေသည်။ မစောတွင် နေသိပ်မကောင်းသော မိခင်နှင့်အပျိုအရွယ် ညီမလေးတယောက်ရှိသည်။

ညီမလေးကိုမခိုင်းရက်သော မစောကသူသာအပင်ပန်းခံသည်။ နေလောင်ထားသော မစောရဲ့ အသားအရေနဲ့ ရွက်ကျမ်းရေကျိုရုပ်က မစောရဲ့ရှိရင်းစွဲအသက်ထက်အိုသည်ဟု ထင်ရသည်။ မစောရွာနှင့်အနီးအနားရွာများသည် သိပ်မဝေးလှတဆက်တဲလိုဖြစ်နေကာ ရွာနှစ်ရွာကြားက ဒီညောင်ပင်ကြီးမှာတော့ မစောအတွက်တထောက်နားစရာ နေရာဖြစ်သည်။

တခါတလေထမင်းထုပ်ပါလာပါက အပင်အောက်မှ နတ်စင်ကလေးအား အရင်ပူဇော်ပြီးမှစားသည် စားပြီးထမင်းကျန်ကလေးများအား အပင်ပေါ်ရှိ ဌက်ကလေးများအားကြွေးကာမုန့်ကျန်ကလေးများအားလဲ အမြဲကြွေးလေ့ရှိသည်။

မစောကလူက မချမ်းသာပေမဲ့ စိတ်ဓတ်ကချမ်းသာသည် လူချင်တန်းချင် ကြွေးချင်မွေးချင်စိတ်ရှိသည်။ စေတနာကောင်းသည်အခုတလောမစောတွေးနေတာကမစောတို့ရဲ့ရှေ့ရွာတွင်ဘုရားပွဲရှိသည် ဒီဘုရားပွဲသည်အလွန်စည်ကားကာ တနှစ်တခါကျင်းပလေ့ရှိသည်။

ဇတ်ပွဲများရန်ကုန်ကလာသော အဆိုတော်များ၏စတိတ်ရှိုးပွဲများဖြင့်တိုးမပေါက်အောင်စည်လှပေသည့် ရှိသမျှရွားနီးအနားမှများမှရွာများသာမကအနီးကမြို့ကလေးများကပါလာကြသောကြောင့်ဒီပွဲမှာ နွဲဖို့ဝတ်ကောင်းစားလှများကိုအခုကထဲကကြိုချုပ်ထားကြလေသည်။

တနှစ်တခါအားခဲထားသော ပွဲမို့ရှိသမျှအပြိုင်ကျဲရန်ကြိုးစားနေကြလေပြီဖြစ်သည် မစောလဲ သူများနည်းတူ ဒီဘုရားပွဲကိုအားခဲထားသည်။ ညီမလေးကိုလဲ လှအောင်ဆင်ပေးချင်သည် ဒါကြောင့် ဒီရက်ပိုင်မနားမနေကြိုးစားရောင်းနေရပေမဲ့ တခါတလေ အားငယ်မိသည်။

မိမိရဲ့မပြည့်စုံသော ဘဝကိုစိတ်ကုန်ချင်လာသည်။ နေ့တဒူဝလုပ်နေရသော ဒီအလုပ်ကိုလဲ စိတ်ကုန်လာမိတာကြောင့် မျက်ရည်များပဲဝဲလာမိလေသည်။ မစောဟိုတွေးဒီတွေးနဲ့ မနက်စောစောထကာ အလုပ်လုပ်ရကာ အိပ်ရေးပျက်သောကြောင့် ငုတ်တုတ်ထိုင်းရင်း ဈေးဗန်းချကာမှေးကနဲ အိပ်ပျော်သွားသည်။ မည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။

 '''အမ'''''အမ'' လူပ်နိုးလိုက်သော အသံကြောင့် လန့်နိုးသွားကာမျက်လုံးဖွင့်ကြည့်လိုက်တော့ ခပ်ငယ်ငယ်ကောင်မလေးနှစ်ယောက်ကို တွေ့လိုက်ရလေသည်။ မစောတခါမှမမြင်ဘူးသော မိန်းကလေးများဖြစ်ကာ ဝတ်စားထားသည်မှာလဲ မစောတခါမှမတွေ့ဘူးသောဝလှပသောအဝတ်အစားများဖြစ်သည်။

တယောက်က အပြာရောင်ဖျော့ဖျော့ ဝမ်းဆက်ဝတ်ထားကာ နောက်တယောက်က နံသာရောင်ဝမ်းဆက်ဖြစ်လေသည်။ ခန္တာကိုယ်မှာလဲ လက်ဝတ်လက်စားများအပြည့် ဝတ်ထားလေသည်။ မစောကငေးနေတုန်း "အမမုန့်တွေကျန်သေးလား ညီမတို့ကဝယ်မလို့ပါ'''

'''အော်အေးကျန်သေးတယ်ဘာမုန့်စားမလဲ''' မစောကကျန်နေသောမုန့်များကိုပြရာ '''အမကျန်တဲ့မုန့်အကုန်ယူမယ်''' ကောင်မလေးနှစ်ယောက်က မုန့်ကျန်များ အကုန်ယူမည်ဆိုတော့ မစောအလွန်ဝမ်းသာသွားသည်။

'''ဒါပေမဲ့အမရေ ကျွန်မတို့မှာ ပိုက်ဆံတော့မပါဘူး ဒါ့ကြောင့်ဒီလက်စွပ်ကလေးကို မုန့်ဖိုးအဖြစ် ယူထားလိုက်ပါ''' 

ကောင်မလေးတယောက်က သူဝတ်ထားသော ကျောက်နီလက်စွပ်လေးတကွင်းကို မစောအားချွတ်ပေးနေသောကြောင့် စိတ်ကောင်းရှိသောမစောက ''ပိုက်ဆံမပါလဲ အလကားစားသွားပါ ညီမတို့ရယ် ဒါနဲ့ညီမတို့က ဘယ်ကိုသွားမှာလဲ ဒီအနီးအနားရွာတွေမှာတော့ အမမသိတာမရှိသလောက်ပါပဲ ဘယ်သူ့အိမ်သွားကြမှာလဲ မျက်နှာစိမ်းဧည့်သည်တွေထင်တယ် လက်စွပ်တော့ မယူပါရစေနဲ့ တန်ဖိုးကြီးလို့ပါ'''

'''ကျွန်မတို့ကဧည့်သည်တွေမဟုတ်ပါဘူး ဘုရားပွဲကိုကြိုလာတာပါ နေတာကလဲသိပ်မဝေးပါဘူး'''

'''ဟုတ်ပါတယ်အမ ညီမတို့ပေးတဲ့လက်စွပ်ကလေးကိုတော့ဟယူပါမကြာခင် အမနဲ့ညီမတို့ပြန်ဆုံကြမှာပါ'''

မစောအား လက်စွပ်အတင်းပေးကာ ထွက်သွားသော ကောင်မလေးနှစ်ယောက်ကိုငေးရင်း မစောအံသြဝမ်းသာသလို ဝမ်းနည်းသလို ခံစားရလေသည်။ လက်စွပ်ကလေးကို လက်မှာဝတ်၍ ကောင်မလေးနှစ်ယောက်အကြောင်းတွေးကာဝအိမ်ပြန်လာခဲ့လေသည်။

 နောက်ရက်မှာတော့ လက်စွပ်အားမြို့မှာသွားရောင်းရာ အလွန်အဖိုးတန်သော ရှေးဟောင်းပတ္တမြားလက်စွပ်ကလေးမို့ ဈေးကောင်းပေးလိုက်လေသည်။ မစောလဲ တခါမှမကိုင်ဘူးသော ငွေများရ၍ ဘုရားပွဲအတွက် အဝတ်အစားအသုံးအဆောင်များ သူ့ညီမလေးလိုချင်တာများဝ ဝယ်လိုက်လေသည်။ ပိုက်ဆံမရှိ၍ ဆေးမကုနိုင်သော အမေကိုလဲမြို့မှာ ဆေးခန်းပြကာဆေးဝါးများ ဝယ်ကုလိုက်၍ နေကောင်းသွားလေသည်။

မစောကလက်စွပ်ပေးသွားသော ကောင်မလေး နှစ်ယောက်အား နေ့တိုင်းမေတ္တပို့လေသည် သူ့အတွက်တော့ ကျေးဇူးရှင်တွေမဟုတ်လား သူတို့မိသားစုပျော်နေလေသည် ။

ဒီလိုနဲ့ဘုရားပွဲကြီး ချိမ့်ချိမ့်သဲကျင်းပတော့ မစောတို့သားအမိတွေ သူများနည်းတူ ပျော်တပြုံးပြုံးဖြင့် ဘုရားးပွဲလည်ကြလေသည်။ ဘုရားပွဲက ၅ ရက်တိုင်တိုင်ကျင်းပတာဆိုတော့ အမုန်းပျော်ကြသည်လေ ဘုရားပွဲစပြီး ၄ ရက်မြောက်နေ့မှာတော့ မစောညအိပ်ရင်း အလွန်ထူးဆန်းသော အိမ်မက်ကိုမက်လေသည်။

အိမ်မက်ထဲတွင် လက်စွပ်ပေးသွားသော ကောင်မလေးနှစ်ယောက်သည် နန်းဝတ်နန်းစားများဝတ်ထားကာ မစောအားပြုံး၍ကြည့်ပြီးပြောလိုက်သည်။ '''ဘယ်လိုလဲ အထိန်းတော်ကြီး အတော်ပျော်ပါရဲ့လား အထိန်းတော်ကြီးမရှိတော့ သခင်မတို့ပျင်းနေတာ အခုအထိန်းတော်ကြီး ပြန်လာချိန်ကျပြီလေ''''

မိန်းကလေးပြောသောစကားကို မစောက နားမလည်စွာမေးလိုက်သည် ဘယ်က အထိန်းတော်ကြီးလဲဆိုတော့ ကောင်မလေးတယောက်ကဖြေလိုက်သည်။

 '''အထိန်းတော်ကြီးက သခင်မတို့သိုက်က သခင်မတို့ရဲ့ အထိန်းတော်ကြီးလေ လူပြည်အလည်သွားချင်တယ်ဆိုလို့ ခဏခွင့်ပြုလိုက်တာ လူ့ပြည်မှာပျော်နေမှာစိုးလို့ အထိန်းတော်ကြီးလူ့လောကကို စိတ်ကုန်အောင် ဒဏ်ခတ်ထားတာ''''

''အခုဘုရားပွဲပြီးပြီဆိုတော့ ဘုရားကြီးပြန်လည်ပြုပြင်တဲ့အခါ သိုက်နန်းရှင်တွေကို အမျှဝေပေးပါ။ မနက် ၃ နာရီမှာ အထိန်းတော်ကြီး အိမ်ရှေ့ကနေ ရွေရောင်မြွေတကောင် ဝင်လာလိမ့်မယ် အဲဒီအခါကျရင် အထိန်းတော်ကြီးက ဓါးထက်ထက်တချောင်ယူထားပြီး အဲမြွေကို ပိုင်းယူလိုက်ပါပြီးရင် သာသနာပြု အမျှဝေပါမနက် ၃ နာရီတိတိနော်'''' ပြောပြီးပျောက်သွားတော့ မစောအိမ်မက်က လန့်နိုးသွားလေသည်။

သူတို့ပြောတာလဲမှန်နေတာပဲ ဘုရားပွဲပြီးပါက ဘုရားပွဲမှရသောငွေများဖြင့် ဘုရားကြီးပြုပြင်ကာ ရွှေသင်္ကန်းကပ်လေ့ရှိတာမို့ သူလဲလုချင်နေတာကြာပြီ မစောတွေးပြီး အိမ်ကဓားမကိုယူ၍ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံနားစွင့်နေသည်။

 ''တောင်''''တောင်'''တောင်''' အုန်းမောင်းခေါက်သံလဲကြားရော မစောအိမ်ရှေ့ပြေးဆင်းသွားကာ ဓာတ်မီးနှင့်သေချာအောင် အဝင်ပေါက်အားထိုးထားရာ ကောင်မလေးများပြောသည့်အတိုင်း ရွှေရောင်တဝင်းဝင်းတောက်နေသောမြွှတေကောင်သည် အလွန်လျှင်မြန်စွာ အိမ်ထဲဝင်လာရာ မစောလဲအံသြလွန်း၍ ပါးစပ်ဟောင်းလောင်းဖြင့် ကြည့်နေမိလေသည်။

မစောကြည့်နေရင်း ဓားနှင့်ရွယ်ကာ ခုတ်ဘို့လက်တုန်နေတာနဲ့မြွေအမြှီးပိုင်းသာ မှီလိုက်သည် မြွေလဲပျောက်သွားလေသည်။ နောက်နေ့ဈေးက ရွေဆိုင်သွားရောင်းရာ အလွန်အရည်သွေးကောင်းသော အခေါက်ရွှေမို့ ဈေးကောင်းရပြန်သည်။ မစော နောင်တရမိသည်။ ခေါင်းပိုင်းနားက ကပ်မခုတ်လိုက်ရတာကို ဘုရားပွဲပြီးတော့ ဘုရားကြီးပြုပြင်ရန် မစောတို့ သားအမိနှင့် သိုက်နန်းရှင်များကောင်းမှု့ဟု လူတန်းကာ ရေစက်ချအမျှဝေလေသည်။

မစောကဝမ်းသာလွန်းလို့ မျက်ရည်များပင် ကျလေသည်။ နောက်တနေ့ မနက်မှာတော့ အိပ်ယာထဲတွင် ပြုံးပြုံးကြီးသေနေသော မစောအလောင်းအား တွေ့ကြရလေသည်။

ပြီးပါပြီ။
Powered by Blogger.