မြွေဘုရင် ဝင်စားသူ



ရေးသားသူ - D Moe Moe

ရှမ်းပြည်နယ်ရဲ့ အေးချမ်းသာယာတဲ့ ရွာကလေးတရွာမှာတော့ တောင်ယာလက်ဖက်စိုက်ပျိုးကာ အေးချမ်းစွာနေသော မနန်းစံတို့ လင်မယားနေကြလေသည်။

ရိုးသားဖြူစင်သော တောင်ပေါ်သားများဖြစ်သောကြောင့် စိတ်ထားအလွန်ကောင်းမွန်သော လင်မယားများဖြစ်လေသည့်
သူတို့လင်မယားရဲ့တောင်ယာသည် သူတို့နေသောရွာနှင့်အနဲငယ်ဝေးကာ လွမ်းမောဖွယ်ရှမ်းတောင်တန်းတွေနှင့် နီးလေသည်

တောင်ယာသည်တောင်စောင်းပေါ်တွင်ရှိကာရွာမှလာပါကတောလမ်းကလေးကလာရလေသည်။

တနေ့တွင်သူတို့ လင်မယားတောင်ယာသို့လာရာလမ်းတောစပ်ကလေးတွင် အတန်ငယ်ကြီးမားသောမြွေဖြူ တကောင်သည်မြွေအရေခွံ လဲနေတာမြင်တော့စိတ်ကောင်းရှိသောသူတို့လင်မယားက မသမာသူများတွေ့သွားပါက အန္တရယ်ပေးမည်စိုးသောကြောင့်အနီးအနားက သစ်ပင်မှသစ်ကိုင်းများခုတ်ကာ ထိုမြွေဖြူကြီးကို အုပ်ပေးထားခဲ့လေသည်။

သူတို့လင်မယားညနေတောင်ယာကပြန်လာတော့မြွေဖြူကြီးမရှိတော့ပေ ရွာရောက်တော့ရွာမှဘိန်းးစား လူမိုက်တစ်ယောက်ကထိုမြွေဖြူကြီးကိုသတ်၍ယူလာသည်ဟုသတင်းကြားတော့ မနန်းစံတို့လင်မယားအတော်စိတ်မကောင်းဖြစ်သွားလေသည်။

မနန်းစံတို့လင်မယားတွင်သားသမီးမထွန်းကားပေ။ တညတွင်မနန်းစံကထူးဆန်းသော အိမ်မက်ကိုမက်လေသည်။

အိမ်မက်ထဲတွင် သူတို့တွေ့ခဲ့သောမြွေဖြူကြီးသည် အိမ်ထဲသို့ဝင်လာရာ သူတို့လင်မယားအံသြစွာကြည့်နေတုန်း ခန့်ညားသော လူတယောက်အဖြစ်ပြောင်းသွားကာ '''ကျွန်တော်ဒီအိမ်မှာခဏနေပါရစေ'''' သူတို့လင်မယားလဲ အားရဝမ်းသာဖြင့်နေခွင့်ပြုလိုက်လေသည်။

မကြာမီ မနန်းစံတွင်ကိုယ်ဝန်ရှိလာကာ ၉ လလွယ် ၁၀ လဖွားတော့ဖြူဖွေးနေသော သားကလေးတစ်ယောက် မွေးလေသည်။

ထူးဆန်းသည်က သားကလေး၏လျှာသည် ထိပ်တွင်နှစ်ခွပုံးစံမျိုး သိသာစွာပါလာကာ လက်ဖဝါးနှစ်ဖက်တွင်လဲ မှဲ့လိုအနက်စက်သုံးစက်သည် တြိဂံပုံစံမျိုးအမှတ်ပါလာလေသည်။

မနန်းစံတို့လင်မယားသည်သားကလေးကိုအလွန်ချစ်လေသည်။ သားကလေးအားစိုင်းနောင်ဟု အမည်ပေးထားလေသည်။

စိုင်နောင်စာသင်ရမဲ့ အရွယ်ရောက်လာတော့ စာသင်ခိုင်းတာမနှစ်သက်ပေ မိဘများက ပညာတတ်ဖြစ်စေချင်၍ ချော့မော့ထားပေမဲ့ မကြာခဏကျောင်းပြေးလေသည်။

 နောက်တော့ကျောင်းကထွက်၍ မိဘများက တောင်ယာသို့ခေါ်သွားလေသည်။ စိုင်းနောင်က ငယ်သေးတော့မိဘများက အလုပ်သိပ်မခိုင်းပေမဲ့ စိုင်းနောင်ကတတ်နိုင်သလောက်ကူလေသည်။

တခါတလေ တောင်ယာထဲတွင် အဆိပ်ပျင်းသောမြွေများတွေ့ပါက စိုင်းနောင်က သူ့လက်ဝါးကိုထောင်ပြလိုက်တာနဲ့ ပါးပျဉ်းထောင်နေသောမြွေသည် ချက်ချင်းမြေကြီးပေါ်သို့ ခေါင်းချကာအရိုအသေပေးသည့် ပုံစံမျိုးပြုကာ အလျင်အမြန်ထွက်ပြေးလေသည်။

စိုင်းနောင်ရှိပါကမြွေအန္တရယ် မကြောက်ရသော မိဘများက စိုင်းနောင်အား အလွန်အားကိုးလေသည်။ အဆိပ်ရှိသော သတ္တဝါမှန်သမျှ စိုင်းနောင်အား ရှောင်ကွင်းသွားလေသည်။

စိုင်းနောင်ကရွာထဲကမး မည်သည့်ကလေးနှင့်မျှ မပေါင်း တယောက်ထဲ သီးသန့်နေသည်။ မိဘများနှင့်လိုက်ကာ တောင်ယာတွင် အချိန်ကုန်နေလေ့ရှိသည်။

စိုင်းနောင်က မိဘများအလစ်တွင်တောနက်ထဲသို့ သွားကာမျက်ခင်းစိမ်းများ ပေါက်နေသော ကွင်းပြင်ကလေးတခုသို့ ရောက်ပါက လေချွန်လိုက်လေသည်။

စိုင်းနောင်ရဲ့ လေချွန်သံကြားပါကေ တောထဲက အမျိုးအမည်မခွဲခြားနိုင်သောမြွေများထွက်လာကာ စိုင်းနောင်နှင့် အဖော်လုပ်ကာ ကစားလေသည်။

အတန်ကြာကစားပြီးမှ စိုင်းနောင်ကပြန်လာလေသည်။ မြွေကိုက်ခံရသည့် လူနာတွေ့ပါက စိုင်းနောင်လက်နှင့် သပ်ချလိုက်ပါကမြွေဆိပ်များထွက်လာကာ အသက်ချမ်းသာရာ ရသွားလေသည်။

ဒီသတင်းသည် တဖြည်းဖြည်းပျံနှံ့လာကာ စိုင်းနောင်ဆီမြွေကိုက် လာကုသူ များများလာလေသည်။ စိုင်းနောင်အသက်လဲ ၁၆ နှစ်အရွယ်ရောက်လာပြီ မိဘများအား ယာလုပ်ငန်းကိုနားနားနေနေ လုပ်ခိုင်းကာ နားစေသည်။

စိုင်းနောင်ကြောင့် ဝင်ငွေတိုးပွားလာသလို လက်ဆောင်ပစ္စည်းများလဲ ပေါများလာသည်။

တနေ့တွင်ေ အောက်အရပ်မှအစွမ်းထက်သော အောက်လမ်းဆရာတစ်ယောက်သည် စိုင်းနောင်တို့ရွာ ရောက်လာကာ စိုင်းနောင်အား လေ့လာလေသည်။

အောက်လမ်းဆရာက စိုင်းနောင်အားမိမိတပြည့်အဖြစ် မွေးပါက မိမိလုပ်ငန်းများ အလျှင်အမြန်အောင်မြင်မည်ဟု တွေးကာအကြံထုပ်နေလေသည်။

တညနေတွင် စိုင်းနောင်တို့အိမ်သို့ ထူးဆန်းသော အဖိုးအိုတဦးရောက်လာလေသည်။ အဖိုးအိုသည် တခေါင်းလုံးဆံပင်များဖြူဖွေးနေကာ ရင်ဘတ်ထိအောင် ရှည်လျားသော မုတ်ဆိပ်မွှေးများသည်လဲ ဖြူဆွပ်၍နေလေသည်။

အဖိုအိုအားတွေ့သောအခါ စိုင်းနောင်သည် ကွဲကွာနေသောဆွေမျိုးအား ပြန်တွေ့ရသလို ဝမ်းပန်းတသာကြိုလေသည်။ မိဘများက တခါမှမတွေ့ဘူးသော အဖိုးအိုအားအံသြနေကြေလေသည်။

အဖိုအိုက မနန်းစံတို့လင်မယားအား ''''''ကဲငါ့သားနဲ့သမီးက စိတ်ထားကောင်းတော့ အန္တရယ်ကိုမသိဘူးပေါ့။ အခုလောဘသမား အတ္တကြီးသူလူမိုက်တစ်ယောက်ဟာ မင်းတို့ဆီကိုရောက်လာပြီ။ မကြာခင်မင်းတို့ကို အန္တရယ်ပေးလိမ့်မယ်ကွဲ့။ ဒါကြောင့် စိုင်းနောင်ကို အဘခေါ်သွားပါရစေ''''''

အဖိုးအိုစကားကိုဝလင်မယားနှစ်ယောက်က ခါးခါးသီးညင်းရာအဖိုအိုလဲ လက်ရှော့ကာပြန်သွားလေသည်။ နောက်ရက်တွင်စိုင်းနောင်က သူ့မိဘများအား မသမာသူလက်မဦးခင် သူပြန်ရတော့မည်။

သူ့အတွက် အချိန်မရှိတော့၍ မိဘများအားကန်တော့လေသည်။ မိဘများကစိုင်းနောင်ပြောတာ နားမလည်ပေမဲ့ စိုင်းနောင်အား မျက်စိအောက်က အပျောက်မခံပေ။

 နောက် ၂ ရက်လောက်နေတောာ့ စိုင်းနောင်သည် ရုတ်တရက်အပျင်းဖျားကာ သေလေသည်။ မနန်းစံတို့လင်မယားလဲ ရူးမတတ်ခံစားရလေသည်။

စိုင်းနောင်သေပြီးနောက် အဖိုးအိုရောက်လာကာဟစိုင်းနောင်အလောင်းအားဟကိုယ်တိုင်မီးင်္သဂြိုလ်လေသည်။ အဖိုးအိုကမနန်းစံတို့ လင်မယားအား ထူးဆန်းသော စကားဆိုလေသည်။

 '''ကဲ''မင်းတို့လင်မယား ပူဆွေးသောကမဖြစ်လေနဲ့တော့ မင်းတို့ဆီမြွေဘုရင်ခဏ အလည်လာတယ် သဘောထားကြပါကွယ်'''။

အဘိုးအိုက မနန်းစံတို့လင်မယားအား မဲနက်တောက်ပြောင်နေသော ဓာတ်လုံးလိုအလုံးကလေး တလုံးပေးကာ ''''ဒီအလုံးလေးကမြွေအမြူတေကလေးပဲကွယ့်။

ဒါကလေးဟာ အလွန်ရှားပါးပစ္စည်းဖြစ်ကာ သူတော်ကောင်းများနှင့်သာ ထိုက်တန်ပါတယ်။ ဒါ့ကြောင့်မင်းတို့လင်မယား ဆေးကုစားပါ။

ဘယ်လိုအဆိပ်ရှိတဲ့ သတ္တဝါမျိုးပဲကိုက်ကိုက် ဒါလေးကိုရေစိမ်တိုက်ပါ။ ကျန်တာတော့ ဉာဏ်မှီသလိုသုံးပေါ့ကွယ်'''။

အဖိုးအိုပြန်တော့ အောက်လမ်း ဆရာတည်းသော အိမ်ဘက်မျက်နှာမူကာ ဖနောင့်သုံးချက်ပေါက်ကာ ထွက်ခွာသွားလေသည်။ နောက်တနေ့မိုးလင်းတော့မြွေကိုက်၍ သေနေသောအောက်လမ်းဆရာ အလောင်းအား တွေ့ကြလေသည်။

့ပြီးပါပြီ။
Powered by Blogger.