မြွေဘဝ ကူးသွားသူ



ရေးသားသူ - D Moe Moe

လူတစ်ယောက်ဟာ သူကျင်လည်ရာ ပတ်ဝန်းကျင် အနေအထားအရ အသိပညာ အတတ်ပညာ တစ်မျိုးမျိုး ရနိုင်သလို အသက်မွေးဝမ်းကျောင်းဘို့ အတွက်လဲ ကျွမ်းကျင်ရာ အတတ်ပညာတွေ တတ်မြောက်နေတတ်ပါတယ်။ မိမိနေထိုင်ရာ ရေမြေလိုက်၍ အတတ်ပညာမျိုးစုံသည်လဲ မတူကွဲပြားစွာ ရှိနေပေမဲ့ သေချာတာကတော့ လူတိုင်းလူတိုင်းမှာတော့ ကျွမ်းကျင်ရာပညာတခုခုတော့ ရှိနေသည်ဆိုတာပါပဲ။

ပဲခူးရိုးမကြီးနှင့်အနီးဆုံးနေရာမှာရှိသော ရွာတရွာတွင်နေထိုင်သူ ဗလကတော့ သူများနဲ့မတူတဲ့မြွေဖမ်းခြင်း အတတ်ပညာကိုကျွမ်းကျင်စွာ တတ်မြောက်လေသည်။ ဗလကမြွေမကြောက် သူ့အဖေမုဆိုးနှင့်ပဲခူးရိုးမကြီးထဲကို ငယ်စဉ်ကထဲကပင် လိုက်လေ့ရှိသူမို့ ဒီတောဒီတောင်တွေရှိနေသ၍ ဗလအတွက်ထမင်းမငတ်ဘူးလို့ ခံယူထားသည်။ အခုအဖေမရှိတော့ အမေအိုနှင့်နေသည် ကျန်တဲ့ညီအကိုမောင်နှမများ အိမ်ထောင်ကျသွားပေမဲ့ လွတ်လပ်မှု့ ကိုခုံမင်သောဗလက အမေနှင့်သာနေသည်။

အမေချစ်သော သားဆိုလဲမမှားပါ။ ဗလနေသောရွာနှင့်ရွားနီးနားရွာကြီးတရွာတွင် မြွေအဝယ်ဒိုင်ဖွင့်ထားသည်။ မြွေများကိုပိတ်သာချိန်ဖြင့်ဝယ်သည်။ မြွေအမျိုးအစားလိုက်၍ ဈေးကောင်းပေးဝယ်သည် မြွေအဝယ်ဒိုင်မြွေသွားရောင်းပါက ငွေမျိုးမျိုးမြတ်မြတ်ရသောကြောင့် အသက်အန္တရယ်ကြားက ဒီအလုပ်လုပ်သူတွေ ရှိလေသည်။

 မြွေမကြောက်သောဗလလဲ မြွေဖမ်းသမား ဖြစ်လာလေသည်။ ဗလတွင် မြွေဖမ်းဖော် သူငယ်ချင်းတစ်ယောက် ရှိလေသည်။ သူ့နာမည်က သာမောင်ဖြစ်လေသည် သာမောင်ကမြွေကို ဝါးညှပ်နှင့်ဖမ်းကာ ဗလကတော့မြွေဖမ်းရာတွင် ဘာမှမလို မြွေကိုတွေ့တာနဲ့ မြွေခါင်းနောက်ကို အလွန်လျှင်မြန်စွာ ဆုပ်ကိုင်ဖမ်းသည် သေချာသည်သွက်သည်။

ဖမ်းဖမ်းကိုင်ကိုင်မြွေက အိပ်ထဲရောက်သွားသည်မို့ ဗလအတွက်မြွေဖမ်းတာ ထမင်းစားရေသောက် ဒီနယ်တကြောမှာတော့ မြွေဖမ်းရာတွင် ဗလကိုယှဉ်နိုင်သူမရှိပေ။ ဗလအမေ ဒေါ်မြက မြွေဖမ်းရောင်းတာ မကြိုက်ပေမဲ့ ဒီလုပ်ငန်းက ဝင်ငွေကောင်းနေတဲ့အတွက် ဗလကတော့လက်မလွတ်နိုင်ပေ။ မိမိကျွမ်းကျင်ရာ ဒီအလုပ်ပဲရှိသည် မဟုတ်လား။ ခုတလော အမေနေသိပ်မကောင်း၍ ဗလငွေလိုသည် အမေချစ်သော သားမို့ အမေအတွက် ဆေးဖိုးလုံလုံလောက်လောက် ရှာထားချင်သည်။

ဒါကြောင့်မနက်စောစောထကာ သာမောင်ကိုခေါ်၍ ပဲခူးရိုးမထဲ ရောက်လာသည်။ ဒီတောတွေတောင်တွေက ဗလနှင့်မစိမ်းကာ လှည့်ပတ်သွားရင်း တနေရာတွင်အတော်ကြီးသော ငန်းမြွေအထီး အမနှစ်ကောင်ကိုတွေ့ရာ တယောက်တကောင်စီဖမ်းကာ ပါလာသော အရက်ကလေးသောက် အနားယူကာ ဆက်ကြပြန်သည်။ နေစောင်းတော့ တွက်ချေအတော်ကိုက်သွားပြီမို့ ပြန်လာကြလေသည်။

လမ်းတွင်မြွေပွေးတကောင် ကန့်လန့်ခံနေရာ သာမောင်က

 '''ဟေ့ကောင် ဗလ မြွေပွေးမကြီးကွ ဇီးရှိတယ်ကွ မဖမ်းပါနဲ့ကွာ လွတ်ပေးလိုက်ပါ'''

ဒါပေမဲ့ သာမောင်တားနေတဲ့ကြားက ဗလကဖမ်းပြီး ဓားနှင့်မြွေခေါင်းကို ဖြတ်လိုက်လေသည်။ မြွေအမြှီးဖျားကနေ ဆွဲခါလိုက်တော့ မြွေပွေးပေါက်ကလေးတွေ ကျလာလေသည်။ အားလုံးပေါင်း အကောင်နှစ်ဆယ်လောက် ရှိလေသည်။

ဗလနှင့်သာမောင်လဲ အားလုံးရိုက်သတ်လိုက်ကာ ဗလကမြွေပွေး အမကြီးအား ဟင်းချက်စားရန် သယ်လာလေသည်။ ရွားနားမရောက်ခင် လမ်းခွဲကာ သာမောင်ကမြွေဒိုင်သို့ မြွေသွားသွင်း၍ ဗလကအိမ်ပြန်၍ မြွေဟင်းချက်လေသည်။ ဗလအမေဒေါ်မြက ဗလအားကြည့်၍

'''သားရယ် ဒီမြွေဖမ်းရောင်းတဲ့အလုပ်နဲ့ သူများအသက်သတ်တဲ့ အလုပ်ကို မလုပ်ပါနဲ့တော့ အကုသိုလ်ကြီးပါတယ်ကွယ်'''

'''အင်းပါအမေရယ် သားစဉ်းစားပါ့မယ်'''' '

''အခုတလော အမေအိမ်မက်တွေ မကောင်းဘူး စိတ်တွေလေးနေတယ်။ နောက်ရက်ကျရင် သားတောထဲ မသွားနဲ့ဦးနော်'''

'''ဟုတ်ကဲ့ပါ။ အမေ နေမကောင်းလို့ အိမ်မက်ဆိုးတွေမက်တာ နေမှာပါ''

 ဒေါ်မြလဲ ခေါင်းမာသော သားကိုကြည့်၍ ဆက်မပြောတော့။ မြွေသားဟင်းကျက်တော့ သာမောင်လဲ ရောက်လာလေသည်။ မြွေရာင်းရ ပိုက်ဆံများ ခွဲယူကာ မြွေပွေးသားဟင်းနှင့် ထမင်းကို အားရပါးရ စားသောက်ကြလေသည်။

နောက်ရက် တောထဲရောက်တော့ အတော်ကြာသည်အထိဘာမြွေမှမတွေ့နေခင်းပိုင်း ခဏနားရန် သာမောင်ပြောတော့ဗလလဲ လက်ခံကာ နားရန် အပင်းကြီးတပင်အောက်တွင် ထိုင်တုန်းရှိသေး သစ်ကိုင်းပေါ်က မြွေပွေးတကောင်သည်ခုန်ချလာကာ ဗလလည်ပင်းအား ခဲထားလိုက်သည်။

သာမောင်လဲ မြွေပွေးကို သတ်လိုက်ကာ ကြည့်လိုက်တော့မြွေပွေး အထီးကြီးဖြစ်နေလေသည်။ မြွေထီးကြီး မျက်လုံးထဲတွင် သာမောင်ကို အဓိပါယ်ရှိစွာ ကြည့်နေသလို နားကျဉ်းမုန်းတီးနေသလို သာမောင်ခံစားရလေသည်။ မြွေမကြာခဏ အကိုက်ခံရပေမဲ့ မသေသော ဗလတစ်ယောက် ဒီတခါတော့ သေလေပြီ။

ဗလအသုဘချပြီးတဲ့ နေ့မှစ၍ သာမောင်မြွေဖမ်းရောင်းတဲ့အလုပ်ကို မလုပ်တော့။ ဗလသေတော့ သူ့အမေကို သူ့ညီမမိသားစုက လာစောင့်ရှောက်ပေးလေသည်။ တစ်နေ့ သာမောင် ဗလ အမေဆီသို့ အလည်သွားရာ ''ရှုး ရူး '' ဗလအိမ်ခြံရှေ့မြွေပွေးတကောင် ပြေးထွက်လာကာ သာမောင်ကိုကြည့်၍ တရူးရူးနှင့် နှာမှုတ်နေသည်။

ရုတ်တရက် သာမောင်လဲ ကြေင်သွားကာ အနီးအနားက တုတ်ချောင်းရှာ၍ ရိုက်သတ်ရန်ရွယ်ရာ မြွေကထွက်မပြေး။ သာမောင့်စိတ်ထဲ တမျိုးဖြစ်သွားကာ သူ့ကိုအန္တရယ်မပေးသော မြွေပွေးကြီးကိုကြည့်ရင်း လွှတ်ပေးလိုက်သည်။

သာမောင် ဗလအမေနဲ့ စကားပြောနေတုန်း မြွေပွးကြီးကိုခြံထဲတွင် ဟိုနားတွေ့လိုက် ဒီနားတွေ့လိုက် မြင်နေတာကြောင့် သာမောင့် စိတ်ထဲ ထင့်သွားမိလေသည်။ မိမိထင်သော အထင်မဟုတ်ပါစေနဲ့လို့ သာမောင် ဆုတောင်းနေရသည်။

သူထင်နေတာ ကဗလများမြွေဖြစ်နေသလား။ ခုတလော ဒေါ်မြ သတိထားမိတာက ဒေါ်မြတယောက်ထဲ အိမ်တွင်ရှိစဉ် မြွေပွေးကြီးတစ်ကောင် ရောက်ရောက်လာကာ တစ်နေရာတွင်ငြိမ်သက်စွာ ခွေနေလေသည်။ အိမ်သားများ တခြားသူများလာပါက ပြန်ထွက်သွားလေသည်။ ဒေါ်မြစိတ်ထဲမြွေကိုမြင်လိုက်တိုင်း ဗလကို သတိရနေမိသည်။

အိမ်မက်ထဲတွင်လဲ ဗလကိုငြိုးငယ်စွာ မကြာခဏ မက်တော့ ဒေါ်မြတွေးနေမိသည်။ ငါ့သားလေးဗလများ မြွေဘဝရောက်နေသလား။ ဒါ့ကြောင့်မိမိကို လာစောင့်ရှောက်နေသလားလို့ ထင်ပေမဲ့ မဖြစ်နိုင်ပါဘူးလေလို့ ဖြေတွေး တွေးနေရသည်။

နောက်နေ့ သာမောင်အိပ်ယာနိုးတော့ မျက်နှာသစ်ရန် အိမ်အောက်ဆင်းကာ ရေအိုးနားရောက်တော့ ခွေနေသော မြွေပွေးကြီးကိုမြင်ရာ သာမောင်က စမ်းသပ်သည့်အနေနဲ့ '''ဟေ့ကောင်ဗလ မင်းဗလလား'''  သာမောင်ခေါ်သံကြားတော့ မြွေပွးကြီးဟာ ချက်ခြင်းခေါင်းထောင်လာသည်မို့ သေချာသွားပြီ သူငယ်ချင်းဗလ မြွေဘဝကူးသွားတာ သိတော့ သာမောင် စိတ်မကောင်း၍ မျက်ရည်ကျမိလေသည်။

ခုရက်ပိုင်းမြွေပွေးကြီး ရောက်မလာတာ ၂ ရက် ၃ ရက်ရှိပြီလို့ ဒေါ်မြသတိထားမိသည်။ မလာတော့လဲ ဒေါ်မြရှာနေမိသည်။ အိမ်သားများအားလဲ မပြောပြထားပေ။ တော်ကြာသတ်မှာစိုးလို့။

ညရောက်တော့ ဒေါ်မြအိမ်မက် မက်လေသည်။ အိမ်မက်ထဲတွင် ဗလသည် မျက်နှာမကောင်းစွာ ဒေါ်မြရှေ့ရပ်ရင်း အမေသားကို ရွာကဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး အမျှဝေပေးပ့ါလို့ပြောကာ အိမ်မက်ကလန့်နိုးသွားလေသည်။

ညနေစောင်းတော့ သာမောင်ရောက်လာကာ သူ့ကိုဗလအိမ်မက်ပေး၍ သူ့အမေကို ဆွမ်းသွတ်ပေးဖို့ ပြောခိုင်းကြောင်းနှင့် ဒီကိုအလာ လမ်းကခြံပုတ်ပေါ်တွင် ရွာက ကာလသားများဟရိုက်သတ်ထား၍ သေနေသော မြွေပွေးကြီးအား တွေ့ခဲ့ကြောင်းပြောတော့ ဒေါ်မြမျက်ရည်တွေကျလာကာ သာမောင်လဲစ်တ်မကောင်း ဖြစ်နေလေသည်။

နောက်တနေ့မနက်မှာတော့ သာမောင်နှင့်ဒေါ်မြ ဘုန်းကြီးကျောင်းတွင် ဆွမ်းချိုင့်သွားပို့ပြီး

'''သားလေးဗလရေ ဒီနေ့အမေပြုသမျှ ကုသိုလ်ကြောင့် သားကောင်းရာဘဝ ရောက်ပြီး သာဓုခေါ်နိုင်ပါစေ''' 

ဆို့နစ်ကျေကွဲစွာ ဒေါ်မြနှင့်သာမောင် အမျှပေးလိုက်သည် ''''အမျှ အမျှ အမျှ'''


ပြီးပါပြီ။
Powered by Blogger.