လူစားလဲ​သော​ ရေတွင်းပျက်​ကြီး



" ကိုသက်​​ဇော်​ ကိုသက်​​ဇော်​  ဘယ်​အချိန်​ရှိပြီလဲထကြည့်​အုံး ​အ​သေ​ကောင်​လိုအိပ်​မ​နေနဲ့ "

ဇနီးသည်​​ထွေး​ထွေး​မော်​၏ကျယ်​​လောင်​​သော​အသံ​ကြောင့်​သက်​​ဇော်​မျက်​လုံးကိုအားယူပြီးဖွင့်​ကြည့်​လိုက်​ပြီးထရန်​ကြိုးစားလိုက်​သည်​ သို့​သော်​​ခေါင်းကမိုက်​ခနဲ့ဖြစ်​သွားပြီးပြန်​အိပ်​ချလိုက်​ရသည်​။ ဤသည်​ကို​ထွေး​ထွေး​မော်​ကြည့်​ပြီး​ဒေါသထွက်​သွားသည်​။

" ရှင်​အခုထိမထ​သေးဘူးလား ဆိုက်​ကားဘယ်​အချိန်​ထွက်​မလဲ "

" မ​နေ့ကကပင်​ပန်းထားလို့ထင်​တယ်​​ခေါင်းကိုက်​ပြီးကိုယ်​လက်​နာ​နေလို့မထနိုင်​တာပါမိန်းမရာ "

မ​နေ့ကတစ်​​နေကုန်​အပြင်​ည၁၀နာရီထိလူရသဖြင့်​မနားမ​နေဆိုက်​ကားနင်းထားရ​သော​ကြောင့်​သည်​မနက်​​တော့ကိုယ်​လက်​ကိုက်​ခဲပြီး​သက်​​ဇော်​​နေမ​ကောင်းချင်​ဖြစ်​​နေ​လေသည်​။

" အို အဲ့ဒါကျမမသိဘူး ရှင်​အလုပ်​မလုပ်​ရင်​ကျမဘာနဲ့သုံးမလဲ သားကလဲကျောင်းတက်​ရ​တော့မှာ ပိုက်​ဆံလိုတယ်​ရှင်​သိရဲ့လား "

" ​ကောင်းပါပြီကွာ ​ကောင်းပါပြီ "

ပြောရင်းအိပ်​ယာမှအားယူထကာမျက်​နှာသစ်​ပြီးဆိုက်​ကားယူကာဆိုက်​ကားဂိတ်​ဆီသို့နင်းထွက်​လာလိုက်​သည်​။

ထွေး​ထွေး​မော်​အ​ကြောင်းသူသိသည်​ သူသည်​လိုမှထွက်​မလာလျှင်​ပူညံပူညံလုပ်​လို့ဆုံးမည်​မဟုတ်​​တော့​ပေ။ရသမျှပိုက်​ဆံကိုလဲသူ့ထံတစ်​ပြားတစ်​ကျပ်​မှမချန်​ပဲအကုန်​အပ်​သည်​ သို့​ပေမယ့်​လည်း​ထွေး​ထွေး​မော်​သုံး၍မ​လောက်​ ဤသည်​ကိုသူအပြစ်​မ​ပြော ​ထွေး​ထွေး​မော်​ကသူမ၏မိဘအိမ်​မှာ​နေတုန်းကပြည့်​ပြည့်​စုံစုံ​နေခဲ့ရသည်​မို့အသုံးဖြုန်းကြီးသည်​ သူ့ထက်​၅နှစ်​ငယ်​​သော​ကြောင့်​သူ့ကိုလဲအမြဲအနိုင်​ယူသည်​။

ဆိုက်​ကားဂိတ်​သို့​ရောက်​​သောအခါဆိုက်​ကားကိုဂိတ်​ထိုးထားလိုက်​သည်​။ သက်​​ဇော်​၏ဖြူ ဖပ်​ဖြူ ​ရော်​ဖြစ်​​နေ​သောမျက်​နှာကိုဆိုက်​ကားဂိတ်​တွင်​ထိုင်​​နေကြ​သောဘ၀တူသူငယ်​ချင်းများကကြည့်​ပြီး

" ​မင်းကိုကြည့်​ရတာဖြူ ဖပ်​ဖြူ ​ရော်​နဲ့ ​နေမ​ကောင်းဘူးလား "

" ဟုတ်​တယ်​ကွ မ​နေ့ကပင်​ပန်းပြီးဖြစ်​သွားတာပါ "

" ဒါနဲ့များအိမ်​မှာမ​နေပဲဘာလို့ထွက်​လာတာလဲ "

" ဘာလဲမင်းမိန်းမ​ထွေး​ထွေး​မော်​​ကြောင့်​လား "
သူတို့အ​ကြောင်းကိုအားလုံးကသိ​နေကြသည်​။

" ဆိုပါ​တော့ကွာ "

" ဟူး မင်းအဖြစ်​ကလဲမလွယ်​ပါလား "

သက်​​ဇော်​အားကြည့်​ပြီးသူငယ်​ချင်း​တွေသက်​ပြင်းချ​နေကြသည်​။

" ​ဟော ဟိုမှာခရီးသည်​လာပြီ မင်းသွားလိုက်​သက်​​ဇော်​ ​တော်​ကြာပိုက်​ဆံမရရင်​မင်းမိန်းမပူညံပူညံလုပ်​​နေအုံးမယ်​ "

" ​အေးကွာ ​ကျေးဇူးပဲသူငယ်​ချင်း "

အလှည့်​ကျ​သောသူကသက်​​ဇော်​အားသူ့​နေရာ​ပေးလိုက်​သဖြင့်​သက်​​ဇော်​လဲခရီးသည်​သွားလိုရာသို့နင်း၍လိုက်​ပို့​ပေးလိုက်​သည်​။

နေမ​ကောင်း​ပေမယ့်​အားတင်းပြီးတ​နေကုန်​ဆိုက်​ကားနင်းကာ​မှောင်​မှသာအိမ်​သို့သက်​​ဇော်​ပြန်​လာလိုက်​သည်​။
ပြန်​​ရောက်​သည်​နှင့်​ရသမျှပိုက်​ဆံကိုဇနီးသည်​အားအပ်​လိုက်​ပြီး​ရေချိုးရန်​​​ခြံ​ထဲရှိ​ရေတွင်းဆီသို့ထွက်​လာလိုက်​သည်​ ​ရေတွင်းသို့မ​ရောက်​မီယခင်​က​ရေတွင်းဖြစ်​ခဲ့​သော ဘာအ​ကြောင်း​ကြောင့်​မသိ​​ရေမထွက်​​တော့သည်​မှာနှစ်​​ပေါင်းများစွာကြာပြီဖြစ်​​သော​ရေတွင်း​ပျက်​ကြီးနားအ​ရောက်​တွင်​လူတစ်​​ယောက်​ထို​ရေတွင်းပျက်​ကြီး​ဘေးတွင်​​ကျော​ပေး၍ငုတ်​တုတ်​ထိုင်​​နေသည်​ကိုအ​မှောင်​ထဲတွင်​မသဲမကွဲသက်​​ဇော်​​တွေ့လိုက်​ရပြီးတစ်​ကိုယ်​လုံးလဲကြက်​သီးထသလိုခံစားလိုက်​ရသည်​။

ထို့​ကြောင့်​ဆက်​မသွား​တော့ပဲ​လှမ်းလက်​စ​ခြေလှမ်းကိုရပ်​တန့်​လိုက်​သည်​ ထိုအခါထိုလူသည်​သက်​​ဇော်​ကို​မြင်​သွားပြီးမတ်​တပ်​ထကာလက်​ယက်​​ခေါ်လိုက်​သဖြင့်​စိတ်​ထဲမသိုးမသန့်​ခံစားလိုက်​ရပြီးသက်​​ဇော်​ရေမချိုး​တော့ပဲအိမ်​သို့ပြန်​လာလိုက်​သည်​။ သက်​​ဇော်​​အိမ်​​ပေါ်သို့အမြန်​​ပြေးတက်​လာသည်​ကို​ထွေး​ထွေး​မော်​မြင်​သည်​နှင့်

" ဘာဖြစ်​ရတာလဲကိုသက်​​ဇော်​ ​ရေလဲမစိုဘူး ​ရေမချိုးရ​သေးဘူးလား "

" ဘာမှမဟုတ်​ပါဘူး ​ငါအိပ်​​တော့မယ်​ "

ထိုသို့သာ​ပြောပြီးအခန်းသို့ဝင်​ကာအိပ်​​နေလိုက်​သည်​ သို့​ပေမယ့်​သူ့အားလက်​ယက်​​ခေါ်​နေ​သောအ​မှောင်​ထဲမှထိုလူရိပ်​ကမျက်​လုံးထဲတွင်​မြင်​​ယောင်​​နေဆဲပင်​။ တစ်​​အောက်​အကြာတွင်​​တော့​နေမ​ကောင်းသည်​ကတ​ကြောင်း ပင်​လဲပင်​ပန်းထားသဖြင့်​သက်​​ဇော်​အိပ်​​ပျော်​သွား​တော့သည်​။

" ရှပ်​ ရှပ်​ ရှပ်​ "

လူတစ်​ဦးအိမ်​​ထဲ၌လမ်း​လျောက်​သည့်​​ခြေသံကြားသဖြင့်​သက်​​ဇော်နိုးသွားပြီးမျက်​လုံးဖွင့်​ကြည့်​လိုက်​သည်​။ ထိုအခါရွာထဲ၌သူတစ်​ခါမှမမြင်​ဖူး​သော​ကြောက်​မက်​ဖွယ်​မျက်​နှာနှင့်​လူကြီးတစ်​ဦးသူ့​ဘေးနားတွင်​မတ်​တပ်​ရပ်​​နေသဖြင့်​သက်​​ဇော်​လန့်​သွားပြီး​အော်​ရန်​ပြင်​လိုက်​စဉ်​ထိုလူကသက်​​ဇော်​ပါးစပ်းကိုသူ့လက်​ဖြင့်​အုပ်​လိုက်​သည်​။

" မင်းကို​ပြောစရာရှိလို့လာတာ မင်းချမ်းသာချင်​လား "

ထိုလူအ​မေးကိုသက်​​ဇော်​​ကြောက်​​ကြောက်​နှင့်​​ခေါင်းညိတ်​ပြလိုက်​သည်​။

" အဲ့ဒါဆိုရင်​မင်းရဲ့ခြံထဲက​ရေတွင်းပျက်​ကြီးထဲကိုဆင်းလာခဲ့ မင်းကို​ရွှေ​တွေအများကြီးငါ​ပေးမယ်​ "

ပြောပြီးတာနှင့်​ထိုလူအိမ်​​ပေါ်ကပြန်​ဆင်းသွားသည်​။

" ဟင်​ ငါအိမ်​မက်​မက်​​နေတာလား "

သက်​​ဇော်​အိပ်​ယာမှရုတ်​တရက်​ထထိုင်​ပြီးဇ​ဝေဇ၀ါဖြစ်​​နေသည်​ ​စော​စောကအိမ်​မက်​လိုလိုတစ်​ကယ်​လိုလိုနှင့်​ထိုလူ၏ပုံရိပ်​ကထင်​ကျန်​​နေဆဲ ထိုလူစကားများကိုလဲထပ်​တလဲလဲပြန်​လည်​ကြား​ယောင်​​နေမိသည်​။

မနက်​မိုးသာလင်းသွားခဲ့​ပေမယ့်​သက်​​ဇော်​ပြန်​လည်​အိပ်​မ​ပျော်​ခဲ့​ချေ ။ ထို့​ကြောင့်​မျက်​နှာသစ်​လိုက်​ပြီးသည်​နှင့်​ညကထူးဆန်း​သောအိမ်​မက်​အ​ကြောင်းကိုဇနီးဖြစ်​သူ​ထွေး​ထွေး​မော်​အား​ပြောပြလိုက်​သည်​။

" ဟင်​ ရှင့်​ကိုလူတစ်​​ယောက်​က​ရွှေ​တွေ​ပေးမယ်​လို့အိမ်​မက်​တယ်​ဟုတ်​လား "

" ဟုတ်​တယ်​မိန်းမ တစ်​ခါမှဒီလိုမမက်​ဖူးဘူး ထူးဆန်းတယ်​စိတ်​ထဲမှာလဲတစ်​မျိုးကြီး "

" ကျမကြားဖူးတာကဥစ္စာ​စောင့်​​တွေကတစ်​ခါခါကျရင်​လူ​တွေကိုအိမ်​မက်​​ပေးပြီးသူတို့​ရွှေ​တွေရှိတဲ့​နေရာကိုပြပြီး​တော့​​ပေးတတ်​ကြတယ်​တဲ့ အခုလဲရှင့်​ကိုအဲ့လို​ခေါ်​ပေးတာဖြစ်​မယ်​ အဲ့ဒါဆိုကျမတို့ချမ်းသာ​တော့မှာ ရှင်​ဆင်းယူ​​နော်​ကိုသက်​​ဇော်​ "

ထွေး​ထွေး​မော်​မျက်​လုံးထဲ​ရွှေ​တွေကိုမြင်​​ယောင်​ပြီး​လောဘ​ဇော​တွေတက်​​နေ​လေသည်​။

" ဟာ ငါဆင်းမရဲဘူး ​တော်​ကြာ​လူစားလဲတာတို့ဘာတို့ဆိုဘယ်​လိုလုပ်​မလဲ တချို့​တွေ​ပြောတာကြားဖူးတယ်​ဟ "

သက်​​ဇော်​၏စကား​ကြောင့်​​ထွေး​ထွေး​မော်​မျက်​နှာစူပုတ်​သွားပြီး

" ရှင်​ဟာ​လေချမ်းသာဖို့အခွင့်​​ရေးရတာ​တောင်​လက်​လွှတ်​ခံချင်​တဲ့ငတုံးပဲ ကျမနဲ့သား​လေး ချမ်းချမ်းသာသာ​နေရတာရှင်​မမြင်​ချင်​ဘူးလား မရဘူး ရှင်​ဆင်းယူရမယ်​ "

ဇနီး၏စကားကိုမလွန်​ဆန်​ရဲ​သောသူ့အတွက်​ အိမ်​မက်​အ​ကြောင်း​ပြောပြမိတာမှားပြီဟု​စိတ်​ထဲမှာ​ပြောရင်းသက်​​ဇော်​သက်​ပြင်းချလိုက်​သည်​။

" ​အေးပါကွာ ငါဆင်းပါ့မယ်​ "

ထိုအခါမှ​ထွေး​ထွေး​မော်​ပြုံးလာခဲ့သည်​ ထို့​နောက်​၂​ယောက်​သား​ရေတွင်းပျက်​ကြီးဆီသွားကာ​ရေပုံးတစ်​လုံးကိုကြိုးရှည်​ရှည်​တစ်​​ချောင်းဖြင့်​ချည်​လိုက်​ပြီး​ရေတွင်းထဲသို့ချလိုက်​သည်​။

" ငါဆင်းမယ်​မိန်းမ တစ်​ကယ်​လို့အိမ်​မက်​ထဲကလူကြီး​ပြောသလို​ရွှေ​တွေရှိခဲ့မယ်​ဆိုရင်​​ရေပုံးထဲကိုငါထည့်​​ပေးမယ်​မင်းဆွဲတင်​လိုက်​ "

ပြောပြီးသက်​​ဇော်​​ရေတွင်းပျက်​ကြီးထဲသို့ခက်​ခက်​ခဲခဲတွယ်​ဆင်းလိုက်​သည်​ ​အတန်​ကြာဆင်းပြီး​သောအခါ​ရေတွင်း​အောက်​​ခြေသို့​ရောက်​လာခဲ့သည်​ ​မှောင်​ကလဲ​မှောင်​နက်​​ကလဲနက်​သဖြင့်​သက်​​ဇော်​အသက်​ရှူ ကျပ်​သည့်​ဒဏ်​ကိုစတင်​ခံစားလာရသည်​။

ထို့​နောက်​ဓာတ်​မီးဖြင့်​​ဟိုထိုးဒီထိုးရှာလိုက်​​သောအခါ​ထောင့်​တစ်​​နေရာတွင်​အ​ရောင်​တလက်​လက်​ထ​နေ​သောတစ်​ဆယ်​သားခန့်​မျှရှိ​သော​ရွှေတုံး၃တုံးကို​တွေ့လိုက်​ရသဖြင့်​သက်​​ဇော်​အားရ၀မ်းသာ​ကောက်​ယူကာ​ရေပုံးထဲထည့်​လိုက်​ပြီး​​ဆွဲတင်​ရန်​​ထွေး​ထွေး​မော်​ကိုအချက်​ပြလိုက်​သည်​။ 

ထွေး​ထွေး​မော်​လဲအားရ၀မ်းသာ​ရေပုံးကိုဆွဲတင်​လိုက်​ပြီး​ရေပုံးအ​ပေါ်သို့​ရောက်​သည်​နှင့်​သက်​​ဇော်​လဲအ​ပေါ်သို့ပြန်​လည်​တွယ်​တက်​လိုက်​သည်​ ​ထိုစဉ်​သူ့​ခြေ​ထောက်​အားတစ်​စုံတစ်​​ယောက်​လာကိုင်​သဖြင့်​သက်​​ဇော်​လန့်​သွားပြီးအ​ပေါ်ကိုအမြန်​တက်​ရန်​ပြင်​လိုက်​စဉ်​​အောက်​သို့ဆွဲချခံလိုက်​ရသဖြင့်​​ပြုတ်​ကျသွား​တော့သည်​။

ထိုသို့အကျတွင်​​ခေါင်းက​အောက်​စိုက်​သွားသဖြင့်​ဇတ်​ချိုးခံရသကဲ့သို့ဖြစ်​သွားပြီးဇတ်​ကျိုးကာထို​နေရာမှာပဲသက်​​ဇော်​ဆုံးသွား​တော့သည်​။ထို​နောက်​ချက်​ချင်းဆိုသလိုသက်​​ဇော်​၏ခန္တာကိုယ်​ထဲသို့နှစ်​​ပေါင်းများစွာထို​ရေတွင်းကို​စောင့်​​နေ​သောသရဲတစ်​​ကောင်​က၀င်​သွားပြီးအ​ပေါ်သို့လျှင်​မြန်​စွာကုတ်​တက်​လာလိုက်​သည်​။ ​ထွေး​ထွေး​မော်​က​တော့​ရေပုံးထဲတွင်​ပါလာ​သော​ရွှေ​တွေကိုကိုင်​ပြီးဝမ်းသာအားရဖြစ်​​နေသည်​။

" ​​ဒီ​ရွှေ​တွေကို​ရောင်းလိုက်​ရင်​ငါလိုချင်​တာ​တွေဝယ်​လို့ရပြီ ​ပျော်​လိုက်​တာ "

ထိုစဉ်​​သက်​​ဇော်​အ​ပေါ်သို့ပြန်​လည်​​ရောက်​ရှိလာခဲ့သည်​။

" ကိုသက်​​ဇော်​ကြည့်​ပါအုံး​ရွှေ​တွေအများကြီး ကျမ​ပြောသားပဲဆင်းယူပါလို့ အခုဆိုကျမတို့သုံးဖို့စွဲဖို့မပူရ​တော့ဘူး "

ထွေး​ထွေး​မော်​၀မ်းသာအားရ​ပြောလိုက်​သည်​။ ၀ိဥာဉ်​ဖြစ်​သွား​သောသက်​​ဇော်​သည်သူ့ခန္တာကိုယ်​ထဲသို့ဝင်​ပြီး​ထွေး​ထွေး​မော်​ အနားတွင်​ရပ်​​နေ​သောသူအားကြည့်​ပြီးအံ့ဩ​နေ​လေသည်​။

" ဘာ​တွေဖြစ်​ကုန်​တာလဲ ငါက​သေသွားပြီလား "

ထိုအခါအပ၀င်​​နေ​သောသက်​​ဇော်​သည်​ ၀ိဥာဉ်​ဖြစ်​​နေ​သောသက်​​ဇော်​ကိုကြည့်​ပြီး​ကျေနပ်​စွာပြုံးလိုက်​သည်​။

..... သူငါ့ကိုမြင်​​နေရပါလား .....

"မိန်းမ အဲ့လူကငါမဟုတ်​ဘူး ငါကဒီမှာ "

သက်​​ဇော်​​စကားကို​ထွေး​ထွေး​မော်​မကြားရ​ချေ။၊ထို့​ကြောင့်​ဝမ်းနည်းလာ​တော့သည်​။

" ကိုသက်​​ဇော်​ ရှင်​လဲပင်​ပန်း​နေ​ရော​ပေါ့ နားလိုက်​​တော့​နော်​ "

ရွှေ​တွေရပြီမို့​ထွေး​ထွေး​မော်​စကားချို​နေ​လေသည်​ ​သက်​​ဇော်​​လဲ​ခေါင်းညိတ်​ပြလိုက်ပြီး၂​ယောက်​သား​ရွှေ​တွေယူကာအိမ်​ထဲဝင်​သွား​တော့သည်​။ ၀ိဥာဉ်​ဖြစ်​​နေ​သောသက်​​ဇော်​မှာ​တော့ဝမ်းပမ်းတနည်းမျက်​ရည်​ကျ​နေ​လေသည်​။

" ​ရွှေ​တွေရပြီဆို​တော့နင်​​ပျော်​​နေတယ်​မဟုတ်​လား ငါက​တော့နှစ်​​ပေါင်းများစွာဒီ​ရေတွင်းပျက်​ကြီးကို​စောင့်​ရ​တော့မယ်​ ဒါ​ပေမယ့်​နင်​​ပျော်​ရင်​ငါ​ကျေနပ်​ပါတယ်​မိန်းမရာ "

သက်​​ဇော်​ထို​ရေတွင်းပျက်​ကြီးကို​စောင့်​ရ​တော့မည်​ သည်​ဘ၀ဘယ်​အချိန်​မှလွတ်​မည်​သူမသိ။

ထွေး​ထွေး​မော်​​ရွှေ​တွေကို​ရောင်းချကာစားချင်​တာစား လိုချင်​တာဝယ်​နှင့်​​ပျော်​ရွှင်​​နေ​တော့သည်​ သက်​​ဇော်​လဲဆိုက်​ကားမနင်း​တော့​ ​နေ့တိုင်းအစား​ကောင်းများစားလိုက်​အိပ်​လိုက်​ဖြင့်​ဇိမ်​ခံ​နေ​လေသည်​။

" ​ဖေ​ဖေ သားကျောင်းကပြန်​လာပြီ "

၀မ်းသာအားရအိမ်​​ပေါ်​ပြေးတက်​လာရင်းဖခင်​ဖြစ်​သူကို​ပြေးဖက်​လိုက်​သည်​။

" သွားကွာ ရှုပ်​တယ်​ "

သူ့အား​ပြေးဖက်​လာ​သောသား​ကိုသက်​​ဇော်​​ဆောင့်​တွန်းလိုက်​သဖြင့်​က​လေးမှာလဲကျသွား​တော့သည်​။ ဤသည်​ကို​ထွေး​ထွေး​မော်​မြင်​သွားပြီးယခင်​ကအရမ်းချစ်​ အရမ်းအလိုလိုက်​ကာလက်​ဖျားနဲ့ပင်​မထိရက်​​သောသားကိုယခု​မညှာမတာတွန်းထုတ်​ရက်​သောသက်​​ဇော်​ကိုကြည့်​ပြီးနားမလည်​နိုင်​ဖြစ်​သွားရသည်​။

" ကိုသက်​​ဇော်​ က​လေးကိုရှင်​ဘယ်​လိုလုပ်​လိုက်​တာလဲ "

" မင်းမြင်​တဲ့အတိုင်းပဲ ​နောက်​ခါငါ့အနားက​လေးကိုမလာ​စေနဲ့ရှုပ်​တယ်​ "

သူ့ကို​လေသံမာမာဖြင့်​မ​ပြောဖူး​သောသက်​​ဇော်​သည်​ယခု​လေသံကမာ​နေသဖြင့်​​ထွေး​ထွေး​မော်​ပို၍အံ့အားသင့်​သွားသည်​။
သက်​​ဇော်​​ယခင်​ကနှင့်​မတူပဲ​တစ်​ခြားတစ်​​ယောက်​လိုဖြစ်​​နေသည်​ကိုသူသိလိုက်​သည်​။

" ရှင်​​ပြောင်းလဲ​နေတယ်​ ဘာလဲရှင်​က​ပိုက်​ဆံရှိလာ​တော့​ဖောက်​ပြန်​ချင်​​နေတာလား ဟင်းဟင်း ​ထွေး​ထွေး​မော်​ကိုအဲ့လိုအချိုးမျိုးချိုးလို့ဘယ်​ရမလဲ ရှင်​ကျမအ​ကြောင်းသိပါတယ်​ "

" ​အေး မင်းအ​ကြောင်း​တော့ငါမသိဘူး ငါ့အ​ကြောင်း​တော့မင်းသိ​စေရမယ်​ ကဲကွာ နားပူ​အောင်​လုပ်​ချင်​အုံး "

" ဖြန်း "

သက်​​ဇော်​အားရပါးရရိုက်​လိုက်​သဖြင့်​ထွေး​ထွေး​မော်​ဘယ်​ဘက်​ပါးတစ်​ခြမ်းပူထူသွား​တော့သည်​။သက်​​ဇော်​ကိုသူဘယ်​လိုမှနားမလည်​နိုင်​​တော့ ယခင်​ကသူအနိုင်​ယူထားသမျှ ယခုလက်​စားပြန်​​ချေ​နေသည်​ဟုပဲသတ်​မှတ်​လိုက်​ပြီးငိုကာအခန်းထဲ​ပြေးဝင်​သွား​တော့သည်​။

သည်​လိုနှင့်​တစ်​လခန့်​ကြာလာခဲ့ပြီ သက်​​ဇော်​သူနှင့်​သားအ​ပေါ်ဆက်​ဆံ​ရေးမှာယခင်​သက်​​ဇော်​နှင့်​လားလားမျှမတူပဲတစ်​​နေ့တစ်​​နေ့ပိုဆိုးလာသည်​ သူစားချင်​သည့်​ဟင်းမချက်​​ပေးလျှင်​ပန်းကန်​​တွေပစ်​ခွဲသည်​ သူ့အားရိုက်​နှက်​သည်​ ကြာလာ​တော့​ထွေး​ထွေး​မော်​မခံနိုင်​​တော့ပဲရင်​ဖွင့်​ရန်​သူငယ်​ချင်း​ဝေ​ဝေအိမ်​သို့ထွက်​လာခဲ့လိုက်​သည်​။ထို့​နောက်​​ဝေ​ဝေအားသက်​​ဇော်​​ပြောင်းလဲသွားပုံကို​ပြောပြလိုက်​သည်​။

" အရင်​ကနင့်​​ယောက်ျားကအရမ်းရိုးသားပြီးအ​နေ​အေးတာ​လေဟာ အခုလိုဆိုရင်​ပုံမှန်​မဟုတ်​တာ​သေချာတယ်​ ငါလဲသူ့ကိုမမြင်​တာတစ်​လ​လောက်​ရှိပြီဟ "

" သူကအိမ်​ထဲမှာပဲ​နေ​နေတာအပြင်​လဲမထွက်​ဘူးဟ သူ​ပြောင်းလဲ​နေတယ်​ ငါ့ကိုလဲဆဲဆိုရိုက်​နှက်​တယ်​ဟာ ငါစိတ်​ညစ်​​နေပြီ "

" ဒီလိုလုပ်​ဟာ သူဘာလို့​ပြောင်းလဲ​နေတာလဲသိရ​အောင်​​ပ​ရောဂကုတဲ့ဆရာဆီသွားပြီး​မေးကြည့်​ရ​အောင်​​ "

" ​အေး အဲ့ဒါမဆိုးဘူး သွားကြမယ်​ "

ထို့​နောက်​၂​ယောက်​သားပ​ရောဂကုသည့်​ဆရာထံထွက်​လာလိုက်​ကြသည်​။ ဆရာထံ​ရောက်​သည်​နှင့်​ဖြစ်​​ကြောင်းကုန်​စင်​ကို​ပြောပြလိုက်​သည်​။ဆရာက​ခေါင်းဆက်​ဆက်​ညိတ်​ပြီးနား​ထောင်​​နေ​ပြီးနား​ထောင်​​နေ​လေသည်​။

" သမီး​ပြောပုံအရဆိုရင်​မူမမှန်​တာ​သေချာပြီ ​သေချာသိရ​အောင်​ဆရာကိုယ်​တိုင်​လိုက်​ကြည့်​မယ်​ "

" ဟုတ်​ကဲ့ပါဆရာ "

ထွေး​ထွေး​မော်​ ​ဝေ​ဝေနှင့်​အတူပ​ရောဂဆရာလိုက်​လာခဲ့သည်​။ထွေး​ထွေး​မော်​အိမ်​ထဲစ၀င်​သည်​နှင့်​အိမ်​ထဲတွင်​တစ်​ခုခုမူမမှန်​ဖြစ်​​နေသည်​ကိုဆရာသိလိုက်​သည်​။ထို့​နောက်​အိမ်​​ပေါ်သို့တက်​လာလိုက်​သည်​။ သက်​​ဇော်​သည်​ပ​ရောဂဆရာအိမ်​​ပေါ်တက်​လာသည်​ကိုမြင်​သည်​နှင့်​မျက်​လုံးကြီးနီကာ​ဒေါသတကြီးစိုက်​ကြည့်​​နေ​လေသည်​။

" ဘာလို့ငါ့အိမ်​ထဲဝင်​လာရတာလဲ ​ထွေး​ထွေး​မော်နင်​အခုဘာလုပ်​​နေတာလဲ ​ဧည့်​သည်​​တွေလာတာငါမကြိုက်​ဘူးဆိုတာနင်​သိတယ်​​နော်​ "

သက်​​ဇော်​​ဒေါသတကြီး​ပြော​လိုက်​သဖြင့်​​ထွေး​ထွေး​မော်​​ကြောက်​​နေ​လေသည်​။

" ငါကဒီကိုကိစ္စတစ်​ခုရှိလို့လာတာပါ အိမ်​ရှင်​ကမကြိုက်​ဘူးဆိုရင်​လဲအခုပဲပြန်​ပါ့မယ်​ "

ပြောပြီးပ​ရောဂဆရာက​ထွေး​ထွေး​မော်​နှင့်​​ဝေ​ဝေကိုမျက်​ရိပ်​ပြကာအိမ်​​ပေါ်မှာ၃​ယောက်​စလုံးပြန်​ဆင်းလာလိုက်​သည်​။
ခြံပြင်​သို့​ရောက်​သည်​နှင့်​ဆရာက​သူ့အိတ်​ထဲမှမန်းကြိုး​ကိုထုတ်​ပြီး​ထွေး​ထွေး​မော်​ကို​ပေးလိုက်​ပြီး

" ဒါကသရဲတ​စ္ဆေ​တွေ​ကြောက်​တဲ့မန်းကြိုးပါ ဒီမန်းကြိုးကိုသမီးရဲ့​ယောက်ျားအိပ်​​နေတဲ့အချိန်​သူမသိ​အောင်​သူ့လည်​ပင်းကိုဆွဲ​ပေးလိုက်​ပါ "

" ရှင်​ သမီး​ယောက်ျားကဘာဖြစ်​​နေလို့လဲဆရာ "

ထွေး​ထွေး​မော်​အံ့အားသင့်​​နေ​လေသည်​။

" သူကသမီး​ယောက်ျားမဟုတ်​​တော့ဘူး သမီး​ယောက်ျားဆုံးတာတစ်​လနီးပါးရှိ​နေပြီ သူ့ခန္တာကိုယ်​ထဲကိုသရဲတစ်​​ကောင်​ကအစားဝင်​​နေ​နေတာ "

" ရှင်​ "

ထွေး​ထွေး​မော်​​​ရော​ဝေ​ဝေပါကြောက်​လန့်​သွား​တော့သည်​။

" ကဲ ဆရာ​ပြောသလိုသာဒီညဖြစ်​​အောင်​လုပ်​ပါ မဟုတ်​ရင်​သမီးနဲ့သမီးရဲ့သား​လေးအန္တရာယ်​ရှိတယ်​ ဒါတင်​မကဘူးတစ်​ရွာလုံးအတွက်​လဲအန္တရာယ်​ရှိလာနိုင်​တယ်​ "

" ဟုတ်​ကဲ့ သမီးလုပ်​ပါ့မယ်​ဆရာ "

" အဲ့ဒါဆိုရင်​တစ်​ခါထဲအသုဘပြင်​လို့ရ​အောင်​ရွာကလူ​တွေကိုအသိ​ပေးပြီးခြံပြင်​က​နေဆရာ​စောင့်​​နေမယ်​ ဘာမှမ​ကြောက်​နဲ့ကြားလား "

" ဟုတ်​ကဲ့ "

ထွေး​ထွေး​မော်​လဲ​ကြောက်​​ကြောက်​နှင့်​အိမ်​ထဲပြန်​၀င်​လာပြီးငုတ်​တုတ်​​လေးထိုင်​ကာည​ရောက်​သည်​အထိရင်​တထိတ်​ထိတ်​နှင့်​ထိုင်​​စောင့်​​နေလိုက်​သည်​။သက်​​ဇော်​က​တော့စား​သောက်​ပြီးစီးသည်​နှင့်​အိပ်​ယာထဲဝင်​ကာအိပ်​​နေ​လေသည်​။ထွေး​ထွေး​မော်​က​တော့သားကိုသူမအနားတွင်​​ပေးအိပ်​ထားလိုက်​ပြီးသက်​​ဇော်​အိပ်​​မောကျသည်​အထိ​စောင့်​​နေ​လေသည်​ အတန်​ကြာ​သောအခါသက်​​ဇော်​ထံမှ​ဟောက်​သံထွက်​လာသဖြင့်​​ထွေး​ထွေး​မော်​​ခြေ​ဖော့ပြီးသက်​​ဇော်​အနားသို့သွားကာဆရာ​ပေးထား​သောမန်းကြိုးကိုသက်​​ဇော်​၏လည်​ပင်း၌စွပ်​ထည့်​လိုက်​​တော့သည်​။

" အားး "

" မင်း မင်းဘာလုပ်​တာလဲ ​သေချင်​လို့လား အားး "

မန်းကြိုးစွပ်​လိုက်​သည်​နှင့်​သက်​​ဇော်​​နိုးသွားပြီး အော်​ကာအိပ်​ယာထဲတွင်​လှိမ့်​​နေ​တော့သည်​။
ထွေး​ထွေး​မော်​လဲ​ကြောက်​​ကြောက်​နှင့်​အိပ်​​ပျော်​​နေ​သောသား​လေးကို​ပွေ့ချီလိုက်​သည်​။

" မင်းကိုငါသတ်​မယ်​ အားး "

ပြောရင်း​ထွေး​ထွေး​မော်​ဆီသို့သက်​​ဇော်​အိပ်​လျှက်​အားယူကာ​ရွေ့လာခဲ့သည်​ ထိုအခါသက်​​ဇော်​ထံမှပုတ်​နံ့ထွက်​လာပြီးအသား​တွေရိကာအရည်​​တွေထွက်​လာ​တော့သည်​။
ထွေး​ထွေး​မော်​လဲ​​ကြောက်​​ကြောက်​နှင့်​ဘာလုပ်​ရမည်​မသိပဲသည်​အတိုင်းသာကြည့်​​​နေစဉ်​ပ​ရောဂဆရာနှင့်​ရွာသားတစ်​ချို့​ရောက်​လာခဲ့သည်​။သက်​​ဇော်​အိပ်​လျှက်​အားယူ​ရွေ့လာရာမှ ​ထွေး​ထွေး​မော်​အနားသို့မ​ရောက်​မီမှာပင်​​​ငြိမ်​သက်​သွား​တော့သည်​။

တစ်​အိမ်​လုံးလဲပုတ်​​စော်​နံ​နေသဖြင့်​အားလုံးနှာ​ခေါင်းပိတ်​ထားလိုက်​ရသည်​။ ထို့​နောက်​ပုတ်​ပွ​ရိရွဲ​နေ​သောသက်​​ဇော်​၏ခန္တာကိုယ်​ကိုအားလုံး​​ကောက်​သိမ်းကာမနက်​သင်္ဂြိုရန်​ပြင်​ဆင်​လိုက်​ကြသည်​။

ထွေး​ထွေး​မော်​က​တော့သူ့​လောဘ​တွေအတွက်​သက်​​ဇော်​​သေဆုံးခဲ့ရသည်​ကိုအလွန်​စိတ်​မ​ကောင်းဖြစ်​ပြီးမျက်​ရည်​ကျကာနောင်​တ​တွေတစ်​​ပွေ့တစ်​ပိုက်​ကြီးရ​နေ​လေ​တော့သည်​။

ပြီးပါပြီ

(စာဖတ်​သူအ​ပေါင်းတို့ကို​ကျေးဇူးတင်​လျှက်​)
Powered by Blogger.